Movie Name
ဝိဉာဉ်တို့ကြီးစိုးရာမြေ (Soul Land)
Year
2020
Generes
Action, Animation, Adventure
Code
SAN0051
Type
Series
Size
32.8 GB
Country
China
Description
ဇာတ်လမ်းအညွှန်း ထန်ဂိုဏ်းကလက်နက်ပုန်းပညာကို သူမတူအောင်ထူးချွန်ခဲ့တဲ့ ထန်စန်းဟာ သေဆုံးပြီးနောက်မှာ ဝိညာဉ်ကုန်းမြေလို့ ခေါ်တဲ့ ဝိညာဉ်စွမ်းအားနဲ့ကျင့်ကြံရတဲ့နေရာမှာ ပြန်လည်မွေးဖွားလာပါတယ် အရင်ဘဝက မှတ်ဉာဏ်တွေအပြင် ထူးချွန်ခဲ့တဲ့လက်နက်ပုန်းပညာကိုပါ အကုန်အစင်တတ်မြောက်ပြီးဖြစ်တဲ့ ထန်စန်းဟာ တာဝန်ကြီးတစ်ခုနဲ့ ပြန်လည်မွေးဖွားလာခဲ့တဲ့အခါ… ရှောင်ဝူ ထန်စန်းရဲ့ ပညာသင်ဖော်သင်ဖက် တစ်ဖြစ်လဲ ညီမလေးတစ်ယောက်လည်းဖြစ်တဲ့ ရှောင်ဝူဟာ ဘယ်ကလာတယ်ဆိုတာ ဘယ်သူမှမသိရတဲ့ လျှို့ဝှက်ချက်တွေနဲ့ကောင်မလေးတစ်ယောက်ပါ။ သူမဟာ ထန်စန်းနဲ့အတူ ရှီလိုက်ခဲ့ကျောင်းတော်ကိုပညာသင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ အခက်အခဲတွေကိုအတူဖြတ်ကျော်ရင်း အစ်ကိုဖြစ်တဲ့ ထန်စန်းနဲ့ အချင်းချင်းမောင်နှမသံယောဇဉ်ထက် ကျော်လွန်လာကြတဲ့အခါ… 🍁အမေကို ဆုံးရှုံးခဲ့ရပြီးနောက်မှာ ထန်စန်းနဲ့ သူ့အဖေဟာ သားအဖနှစ်ယောက်တည်းပဲ ရုန်းကန်ရှင်သန်ခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက တာဝန်ကြီးခဲ့တဲ့အတွက် ထန်စန်းဟာ အသက်နဲ့မလိုက်အောင် စေ့စပ်လွန်းပြီး ရင့်ကျက်နေခဲ့ပါတယ်။ အသက်ခြောက်နှစ်အရွယ်မှာ ထန်စန်းရဲ့ စွမ်းအားတွေနိုးကြားလာပြီးတော့ ပညာသင်ကြားဖို့ကျောင်းတော်ဆီသွားရောက်ခဲ့ပါတယ်။ ထန်စန်းဟာ Xu Xiaogang ရဲ့ ကျောင်းသားအနေနဲ့ ပညာသင်ယူရင်း မိဘမဲ့ကလေးတစ်ယောက်ဖြစ်တဲ့ ရှောင်ဝူနဲ့တွေ့ပြီး အစ်ကိုကြီးတစ်ယောက်ပမာ ရှောင်ဝူကိုစောင့်ရှောက်ခဲ့ပါတယ်။ 🍁သူတို့ရဲ့ စွမ်းအားတွေတိုးတက်စေဖို့အတွက် ရှီလိုက်ခဲ့ ကျောင်းတော်ကိုပို့ပြီးတော့ တခြားအရည်အချင်းရှိတဲ့လူငယ်ငါးယောက်နဲ့ အတူ ရှီလိုက်ခဲ့မွန်းစတားခုနစ်ယောက်အဖွဲ့ဖြစ်လာခဲ့ပါတယ်။ ဂုဏ်သတင်းကြီးလာတာနဲ့အမျှ ရှီလိုက်ခဲ့မွန်းစတားခုနစ်ယောက်နဲ့ တခြားကျောင်းတော်က ကျောင်းသားတွေနဲ့ ပဋိပက္ခတွေလည်းရှိလာကြပါတယ်။ 🍁ငယ်ရွယ်တဲ့သူရဲကောင်းလေးတွေဟာ အာဏာအတွက်တိုက်ခိုက်နေကြတဲ့ မင်းသား(၁)Xue Qinhe နဲ့ မင်းသား(၃)Xue Beng တို့ အကြားဝင်ပါမိရာကနေ ထန်စန်းဟာ သူ့အမေကိုသတ်ခဲ့တဲ့ တရားခံနဲ့ တိုင်းပြည်ကြီးကို နောက်ကွယ်ကနေဖျက်ဆီးဖို့ ကြံစည်နေကြတဲ့သူတို့ရဲ့ အကြံအစည်ကြီးကို သိရှိသွားပါတယ်။ 🍁သူတို့ကိုတားဆီးဖို့အတွက် ပြင်းထန်တဲ့တိုက်ပွဲတွေအကြားမှာ ထန်စန်းဟာ သူ့အမေကို သတ်လိုက်တဲ့ တရားခံကိုလက်စားချေလိုက်နိုင်မလား တိုင်းပြည်ကိုလက်ဝါးကြီးအုပ်ဖို့ကြံနေတဲ့ သူတွေကိုရော တားဆီးနိုင်လိုက်မလား ရုတ်တရက်ပေါ်လာတဲ့ ရှောင်ဝူကရော ဘယ်သူလဲ ဆိုတာကို ဇာတ်လမ်းအလှည့်အပြောင်း ဇာတ်ကွက်များစွာကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်✌🏻