-
Movie Name
-
The Producers
-
Year
-
2015
-
Generes
-
Comedy, Drama, Romance
-
Code
-
SKR0465
-
Type
-
Series
-
Size
-
5.16 GB
-
Country
-
Korea
-
Description
-
❣️❣️The Producers (2015)❣️❣️
The Producers ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက တော့ ကင်ဆူဟွန်း၊ ချာထယ်ဟွန်း၊ဂိုဟိုဂျင်းနဲ့ IU တို့ပဲဖြစ်ပါတယ်။ ကိုရီးယားထိပ်တန်းသရုပ်ဆောင် တွေပါတဲ့ The Producers ဇာတ် လမ်းတွဲကို KBS2 ရုပ်သံလိုင်းက အပိုင်းပေါင်း ၁၃ ပိုင်းထုတ်လွှင့် ပြသခဲ့ပါတယ်။
The Producers ဇာတ်လမ်း တွဲဟာ ကိုရီးယားနိုင်ငံရဲ့ ပထမ ဆုံးရသစုံလင်ရုပ်သံအစီအစဉ် (variety show)ဒရာမာဇာတ် လမ်းတွဲပဲဖြစ်ပါတယ်။ အဲဒီဇာတ် လမ်းတွဲကို KBS ရုပ်သံလိုင်းရဲ့ ဒရာမာဇာတ်လမ်းတွဲဌာနကနေ ထုတ်လုပ်တာမဟုတ်ဘဲ variety show ဌာနကနေ ထုတ်လုပ်ခဲ့တာ လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲ ရဲ့ အပိုင်းတိုင်းနီးပါးမှာ ကေပေါ့ပ် အဖွဲ့များစွာကအဖွဲ့ဝင်တွေ ဧည့် သည်သရုပ်ဆောင်အနေနဲ့ ပါဝင် ခဲ့ကြပါတယ်။
ဆောင်ချန်းဟာ KBS ဝန်ထမ်းတစ်ဦးကို တိတ်တိတ်လေး သဘောကျနေလို့ KBS ရုပ်သံလိုင်းရဲ့ ဖျော်ဖြေရေးဌာနမှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူအလုပ်စတာက်တဲ့ေ၈န့မှာပဲ လေ့ကျင့်ရေးဆင်းရပေမယ့် ပီဒီယယ်ဂျင်းကြောင့် အခက်အခဲတွေ တွေ့ခဲ့ပါတယ်။ ပီဒီယယ်ဂျင်းဟာ Music Bank တေးဂီတအစီအစဉ် ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ဆောင်ချန်းသဘောကျနေတဲ့ မိန်းကလေးဖြစ်ပါတယ်။
ပီဒီယယ်ဂျင်းနဲ့ ပီဒီဂျွန်းမိုတို့ တစ်ဦးနဲ့တစ်ဦး တယုတယကြင် ကြင်နာနာရှိနေတာကို ဆောင်ချန်းမြင်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဂျွန်းမိုက 2 Days & 1 Night ရုပ်သံအစီအစဉ်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ယယ်ဂျင်းရဲ့မိတ်ဆွေတစ်ဦးလည်းဖြစ်ပါတယ်။ KBS ရုပ်သံဌာနက ရုပ်သံအစီအစဉ်ထုတ်လုပ်သူတွေဖြစ်တဲ့ ယယ်ဂျင်း၊ ဂျွန်းမိုနဲ့ ဆောင်ချန်းတို့သုံးဦးဟာ သူတို့တွေရဲ့ သက်ဆိုင်ရာတာဝန်တွေအတွက် ကိုရီးယားနာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံလုပ်ကိုင်ပြီး အစီအစဉ် တင်ဆက်ရတာပါ။ အဲဒီအခါမှာ စင်ဒီလို့အမည်ရတဲ့ နာမည်ကျော် ကေပေါ့ပ်အဆိုတော်မလေးနဲ့လည်း အတူပူးတွဲအလုပ်လုပ်ဖို့ အခြေအနေ ဖန်လာခဲ့ပါတယ်။ သူတို့တွေကြားက လုပ်ငန်းတာဝန်တွေနဲ့ ဆက်ဆံရတာဟာ ဘယ်လိုတွေဆက်ဖြစ်တယ်ဆိုတာကို The Producers ဇာတ်လမ်းတွဲ မှာ ဆက်လက်ရှုစားပါနော်။
ဒီဇာတ်လမ်းဟာ ဖျော်ဖြေရေးဌာနမှာဖြစ်နေတဲ့ ထုတ်လုပ်သူတွေနဲ့ ထုတ်လုပ်သူမဟုတ်သူတွေရဲ့ အမျိုးမျိုးသောဟာသ အဖြစ်အပျက်လေးတွေကို အဓိက တင်ဆက်ထားတယ်လို့ ပြောလို့ရပါတယ်။
The Producers ဇာတ်လမ်း တွဲမှာ ဆောင်ချန်းအဖြစ် ကင်ဆူဟွန်း၊ ပီဒီဂျွန်းမိုအဖြစ် ချာထယ်ဟွန်း၊ ပီဒီယယ်ဂျင်းအဖြစ် ဂိုဟိုဂျင်းနဲ့ အဆိုတော် စင်ဒီအဖြစ် IU တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
OST MMSUB
သူငယ်ချင်း၂ယောက်ကြားထဲက ဝေခွဲရခက်တဲ့ သံယောဇဉ်နဲ့အချစ် အကြောင်းကိုဆိုထားတဲ့ The Producers ထဲက ဇာတ်၀င်သီချင်းလေးပါ
မူရင်းစာသားလေးတွေကတော်တော်ကို အဓိပ္ပာယ်ရှိပြီး နားထောင်လို့တကယ်ကောင်းတာပါ
မြန်မာလို အတတ်နိုင်ဆုံး အဓိပ္ပာယ်မကွဲအောင် ဘာသာပြန်ထားပါတယ်
လိုတာရှိရင်ဖြည့်တွေးပေးကြပါလို့ ^^