-
Movie Name
-
You Are Me (နှလုံးသားနှင့်အတူ)(Khun Mae Suam Roy)
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
ST0368
-
Type
-
Series
-
Size
-
6 GB
-
Country
-
Thai
-
Description
-
"နှလုံးသားနှင့်အတူ" မြန်မာစာတန်းထိုး
ယခု FIV နှင့် About The Thai Cele တို့
တင်ဆက်ပြသသွားမည့် ဇာတ်ကားလေးက အရမ်းကိုပဲ Ro ပြီး
လျှို ့ဝှက်မှုတွေပါဝင်မည့် ချစ်စရာအမြွှာလေး နှစ်ယောက်ကို
အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်❤
Cast
...........
စီနာ/စီရီယာ (နှစ်ကိုယ်ခွဲ) အဖြစ် Bua Nalinthip
အာသီရတ် အဖြစ် Pop Thagoon
ကရစ် အဖြစ် Judo Tantachj
တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်❤✨
ဇာတ်လမ်းအညွှန်း❤👇
စီနာ နဲ့ စီရီယာ တို့အမြွှာညီမ နှစ်ယောက်က လူတွေဘယ်သူ့မှ
ခွဲမရအောင်တူတဲ့ အမြွှာညီမတွေပါ စီရီယာကအစ်မ ဖြစ်ပြီး
စီနာကတော့ အငယ်ဖြစ်ပါတယ်👭
အမြွှာထဲကအကြီးဖြစ်တဲ့စီရီယာက စူထာရတ်အိမ်ရဲ ့တရားဝင်သား
အကြီးဆုံး ခွန်ဖီးပေါ့စ် ဆိုတဲ့ လူနဲ့ ချစ်ကြိုက်ပြီးလက်ထပ်ခဲ့တယ် သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်
ဒါပေမယ့် ခွန်ဖီးပေါ့စ်ဆိုတဲ့သူမှာ နတ်စ်တရာဆိုတဲ့ တရားဝင်ဇနီး
တစ်ယောက်ရှိတယ် (ဒါကြောင့် စီရီယာက ခွန်ဖီးပေါ့စ် မယားငယ်
တစ်ယောက်ဖြစ်သွားတာပေါ့😱)
တစ်နေ့ ခွန်ဖီးပေါ့စ်ဆိုတဲ့သူဟာ ခရီးတစ်ခုကနေ ပြန်လာရင်း
ကားမတော်တဆဖြစ်ပြီးဆုံးသွားခဲ့တယ်
အဲ့ဒီနောက် ခွန်ဖီးပေါ့စ်သေဆုံးတော့ ခွန်ဖီးပေါ့စ်မသေခင်က
ရေးခဲ့တဲ့သေတမ်းစာကို ဖတ်ကြတာပေါ့ သေတမ်းစာမှာ အိမ်တစ်ဝက်နဲ့ပိုင်ဆိုင်မှုအချို့ကို မယားငယ်ဖြစ်တဲ့ စီရီယာ နဲ့သားလေးကို
ပေးခဲ့တယ်😱
ပြီးတော့ ခွန်ဖီးပေါ့ရဲ ့ညီဖြစ်သူ အာသီရတ် နဲ့ စီရီယာ တစ်နှစ်တိတိ
လက်ထပ်ပြီး စူထာရတ်အိမ်မှာ နေရမယ်လို့လည်း သေတမ်းစာထဲမှာ
ရေးသားခဲ့တယ် ဒါကြောင့် စီရီယာဟာ စူထာရတ်အိမ်မှာ နေဖို့
အကြောင်းဖန် လာပါတော့တယ်❤
ဒါပေမယ့် စီရီယာဟာ ခွန်ဖီးပေါ့စ် မဆုံးခင်က လူသတ်သမားတစ်ချို ့
သေနတ်ပစ်မှုကြောင့် အောက်ပိုင်းသေနေတဲ့ လူတစ်ယောက်လို
ဖြစ်နေရတယ်
ဒါကြောင့်အငယ်ဖြစ်တဲ့ စီနာက သူ့အစ်မကိုလုပ်တဲ့တရားခံကို
သိချင်တာကြောင့်ရယ် ပြန်လက်တုန့်ပြန်ချင်တာကြောင့် သူအစ်မနဲ့
လူချင်းချိန်းပြီး အောက်ပိုင်းသေသူအဖြစ် စူထာရတ်အိမ်ကို
စီရီယာအဖြစ်ရောက်လာခဲ့တယ်
(သို့ပေမယ့်လည်း စီရီယာအယောင်ဆောင်ထားတဲ့ စီနာ နဲ့ အာသီရတ်က ကိစ္စတစ်ခုဖြစ်ရင်း ဆုံဖူးခဲ့တယ် ဒါမလို့ အာသီရတ်က စီရီယာ
အောက်ပိုင်းမသေဘူးဆိုပြီး သိနေခဲ့တယ်😱 )
ဒါကြောင့်အာသီရတ်က စီရီယာကအောက်ပိုင်းမသေကြောင်း
ဖော်ထုတ်တာပေါ့ စီနာကလည်း စူထာရတ်အိမ်က လူတွေက
သူ့အစ်မကို ဘယ်သူလုပ်တာလဲဆိုပြီးဖော်ထုတ်တာပေါ့
အဲ့လိုဖော်ထုတ်ရင်း စီနာ နဲ့ အာသီရတ်က တစ်ယောက်ကို
တစ်ယောက် မယုံကြည်ရင်း စုံစမ်းရာကနေ အမြဲလိုလိုကို
ရန်ဖြစ်ကြတာပေါ့😐
အဲ့ဒီလိုတစ်ကျိတ်ကျိတ် ရန်ဖြစ်ရင်း စီနာနဲ့ အာသီရတ်
ဘယ်လောက်ထိ Ro ပြီး ချစ်ကြိုက်သွားကြမလဲ🙈
ပြီးတော့ စီနာကရော အစ်မကိုလုပ်တဲ့တရားခံကို ဘယ်လို
ဖော်ထုတ်ပြီး တရားခံရှိတဲ့ စူထာရတ်အိမ်မှာ ဘယ်လိုနေထိုင်
သွားကြမလဲ?🤔
အာသီရတ်ကရော စီနာကို အောက်ပိုင်းမသေဘူးဆိုတာ
ဖော်ထုတ်နိုင်မလား🤔
လူသတ်သမားကရော စီရီယာအယောင်ဆောင်တဲ့ စီနာကို
ဘယ်လိုဒုက္ခတွေထပ်ပေးမလဲ🤔
ဆိုတာ အချစ် အမုန်း လျှို့ဝှက်မှုတွေနဲ့စုံစမ်းဖော်ထုတ်မှုတွေပါတဲ့
ဇတ်လမ်းကောင်းလေးထဲ စောင့်ကြည့်လိုက်ကြရအောင်လားရှင်❤
လက်မလွှတ်တမ်း ကြည့်ဖြစ်အောင်ကြည့်လိုက်နော်🙆