Movie Name
Midnight In The Switchgrass (2021)
Year
2021
Generes
Crime, Thriller
Code
EN0423
Type
Movie
Size
1.30 GB
Country
Hollywood
Description
တာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက် က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့် အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒုတိယအချက်ကို အမိအရသုံးထားတယ်။ မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ ကားအစမှာကတည်းက ဖော်ပြထားလို့ သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ ရင်ဖိုစရာတော့ကောင်းတယ်။ အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။ တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့ Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett ကတော့ The Irishmanကားအပါအ၀င် ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။ သို့ပေမဲ့ ဒါရိုက်တာဟာ ခေသူတော့မဟုတ်ဘူး။ နောက်နှစ်မှာ ရောဘတ်ဒီနဲရိုးနဲ့ပါ wash me in the riverရိုက်ဖို့ရှိတယ်။ မီဂန်ဖောက်စ်ကြောင့်ရော သဲထိတ်ရင်ဖိုရသပေးနိုင်တဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်ကောင်းတဲ့ စုံထောက်ရုပ်ရှင်ကားအဖြစ် သတ်မှတ်ချင်တယ်။ အရေးအကြီးဆုံး တစ်ချက်က‌တော့ စတားလုံးရဲ့သမီး စစ္စတင်း စတားလုံးလေးလည်း မဆိုသလောက် ပါထားသေးတယ်။