-
Movie Name
-
Katla
-
Year
-
2021
-
Generes
-
Drama, Sci-Fi
-
Code
-
SE0124
-
Type
-
Series
-
Size
-
3.86 GB
-
Country
-
Hollywood
-
Description
-
အိုက်စ်လန်း ဘာသာနဲ့ စီးရီးအလန်းတစ်ခု တင်ပေးလိုက်ပါပြီ။
နည်းနည်းတော့ ထူးဆန်းတဲ့ဇာတ်လမ်းပါ။
အိုက်စ်လန်းရဲ့ ရေဂျာဗစ် မြို့နားက ဗစ်ခ်ဆိုတဲ့ မြို့လေးနားမှာ ကတ်တ်လာဆိုတဲ့ မီးတောင်ကြီး ပေါက်ကွဲခဲ့တယ်။
အဲဒီမီးတောင်က နှစ်အတော်ကြာ တစ်ခါ ပေါက်ကွဲနေကျပါပဲ။
မီးတောင်က ထွက်တဲ့ ပြာတွေနဲ့ အမြဲအုံ့ဆိုင်းနေတာကြောင့် ဗစ်ခ်မှာ လူနေဦးရေ နည်းနေပါပြီ။
အဲဒီမီးတောင်ထဲကနေ လွန်ခဲ့တဲ့ တစ်နှစ် မီးတောင်ပေါက်တုန်းက ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက် ပြန်ပေါ်လာတယ်။
တုံးလုံးကြီး ပြာတွေဖုံးပြီးတော့ပေါ့။ ဆန်းပြီလားဆို သိပ်မဆန်းသေးဘူး။
သိပ်မကြာဘူး နောက်တစ်ယောက်ပေါ်လာတယ် လွန်ခဲ့တဲ့ နှစ် ၂၀ က မိန်းကလေးတစ်ယောက်။
အဲဒီတစ်ယောက်က ပျောက်မနေဘူး။ အခုထိ အပြင်မှာ အသက် ၄၀ ကျော်အဖြစ်နဲ့ ရှိနေပြီးသား။
အငယ်တစ်ယောက် အကြီးတစ်ယောက် အတူတူဖြစ်နေတယ်။ နည်းနည်းတော့ဆန်းပြီဆိုပေမယ့် မပြီးသေးဘူး။
နောက်ထပ်ကလေးတစ်ယောက် ထပ်ပေါ်လာတဲ့။ ပေါ်လာတဲ့ ကလေးက ဒီမီးတောင်နဲ့တောင်မဆိုင်ဘူး။
အခြားမှာ သေထားပြီးသား ကလေးဖြစ်နေတာ။ ဆန်းလာပြီနော်။
ထပ်ပေါ်လာတာပြန်ရော ကောင််မလေးတစ်ယောက်။ ပေါ်လာတဲ့ တစ်ယောက်ကေ ပျောက်လည်းမပျောက်ဘူး သေလည်းမသေးဘူး။
လက်ရှိ ရှိနေတဲ့သူနဲ့ ကွက်တိ ကိုယ်ပွားအတိုင်းပေါ်လာတာ။ အဲဒီတော့မှ အဲဒီပြဿနာတွေကို အဖြေရှာကြရတာပေ့ါ။