Movie Name
Slender Man [2018]
Year
2018
Generes
Horror, Thriller
Code
EN0425
Type
Movie
Size
751 MB
Country
Hollywood
Description
Horror ပရိသတ်တွေအတွက် Slender Man ဆိုတဲ့စကားလုံးက စိမ်းမနေလောက်ဘူးထင်ပါတယ်။ Thin Man နဲ့မတူတာကတော့ Thin Man က Supernatural ဇာတ်လမ်းတွဲထဲမှာပါဝင်နေတာဖြစ်ပြီးတော့ Slender Man ကတော့ အပြင်လောကမှာ ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။ သူ့ကို အမျျိုးမျိုးပြောကြပေမယ့် အခြေခံအားဖြင့်ကတော့ အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားတဲ့ ပုံမှန်ထက် အများကြီး ပိန်ပိန်ရှည်ရှည် မျက်နှာဗြောင်နဲ့ လူတစ်ယောက်ပုံစံနဲ့ဖော်ညွှန်းတတ်ကြပါတယ်။ သူဟာလူတွေကို ဖမ်းခေါ်သွားတတ်ပြီး စိတ်ညို့တတ်ပြီးတော့ ရူးအောင်လုပ်တတ်တယ်လို့ ပြောကြပါတယ်။ သူအဓိကပစ်မှတ်ထားတာက ကလေးတွေနဲ့ လူငယ်တွေများတယ်လို့သိရပါတယ်။ တကယ်တန်းတော့ Slender Man က Blogger တစ်ယောက်ရဲ့လက်ဆော့ချက်နဲ့ ဖြစ်လာတဲ့ သရဲတစ်ကောင်ပါ။ အဲဒါကိုမှစိတ်ဝင်စားသူတွေကထပ်ဖြည့်ရင်း Slender Man ဆိုတာဖြစ်လာပါတော့တယ်။ အဲဒီလိုထပ်ဖြည့်လိုက်ရင်း Supernatural ဇာတ်လမ်းတွဲထဲက Thin Man လို တကယ်ဖြစ်လာနိုင်မလား ကျွန်တော်ကတော့ မပြောတတ်ပါဘူးဗျာ။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ကောင်မလေး လေးယောက် Slender Man ကိုဖိတ်ခေါ်မိရင်း ဘာတွေဖြစ်ကြတယ်ဆိုတာကိုရိုက်ပြထားတဲ့ အကြောင်းလေးပါ။ Horror ကားကောင်းကောင်းတောင့်တနေသူတွေအတွက် အရမ်းကြီးကောင်းတယ်လို့ပြောမရပေမယ့် စိတ်အဆာပြေကြည့်လို့ကောင်းမယ့် ဇာတ်ကားမျိုးပါ။ IMDB Rating ကတော့ 3.1 ပဲရရှိထားလို့ ကျွန်တော်ကြိုက်ပေမယ့် အရမ်းကောင်းပါတယ်လို့မညွှန်းတော့ပါဘူး။ ဒါပေမယ့် Freddy Krueger, Jason, Frenkenstein တို့လို Legendary Horror Character တစ်ကောင်ဖြစ်လာနိုင်တဲ့ Slender Man ကိုမိတ်ဆက်ချင်တဲ့သူတွေတော့ ကြည့်သင့်တယ်ထင်ပါတယ်။ ဘယ်သူပြောတာလဲတော့ မမှတ်တော့ဘူးဗျာ “သရဲဆိုတာတွေက ကျွန်တော်တို့ရဲ့ အကြောက်တရားဆိုတဲ့ အကန့်ထဲမှာနေကြတာပါ” တဲ့။ တစ်နေ့နေ့ သရဲတွေ အဲဒီအကန့်ထဲကထွက်ဖို့နည်းလမ်းတွေ့သွားရင်ရော………