Movie Name
Chashme Baddoor (2013)
Year
2013
Generes
Comedy, Drama
Code
IND0099
Type
Movie
Size
1.62 GB
Country
Bollywood
Description
Pink တို့ Badla တို့အပြင် ဟိုတလောက နာမည်ကြီးသွားတဲ့ Haseen Dillruba ဇာတ်ကားတို့ရဲ့ မင်းသမီးချောလေး Taapsee Pannu ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်ကားကတော့ Bollywood ရဲ့ Comedy,Drama ရုပ်ရှင်တို့ထုံးစံအတိုင်း အက..အလှ..ဟာသအစုံအလင်ကို ကာလာရောင်စုံမျိုးစုံနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ…. ဇာတ်လမ်းကတော့… ဆီးမာဆိုတဲ့ကောင်မလေးဟာ ဇီဇာကြောင်တဲ့အရာရှိကြီးတစ်ဦးရဲ့သမီးလေးပါ… ဇီဇာကြောင်ဖခင်တို့ ထုံးစံအတိုင်း သမီးကညာအရွယ်ရောက်ချိန်မှာ သမီးဖက်ကိုမစဉ်းစားဘဲ သူကြိုက်တဲ့သတို့သားလောင်းတွေ ခေါ်ခေါ်လာပြီး သမီးတော်နဲ့ပေးပေးတွေ့နေတာကို စိတ်ကုန်လာတဲ့ ဆီးမာတစ်ယောက်အိမ်ကနေ ဂိုအာကို ထွက်ပြေးပါတော့တယ်.. ဂိုအာမှာလဲ ဗရုတ်သုတ်ခနဲ့လုပ်ချင်ရာလုပ်တတ်ကြတဲ့ Jai,Sid,Omi ဆိုတဲ့ သူငယ်ချင်း ၃ ‌ယောက်ရောက်နေပါတယ်… ဒီ ၃ ယောက်နဲ့ ဆီးမာတို့တွေ့ကြတဲ့အခါ…..။ ဒီဇာတ်ကားက ရုပ်ရှင်ရုံမှာ ပေါ့ပေါ့ပါးပါးခွီနေကျ ဇာတ်လမ်းမျိုးလေးပါ။ ဘယ်တော့ပြီးမယ်မှန်းမသိတဲ့ ကိုဗစ်ကာလ ရုပ်ရှင်ရုံပိတ်ထားချိန် ကိုယ့်အိမ်မှာ…ကိုယ့်မိသားစု ချစ်သူခင်သူတွေနဲ့ ကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ကြောင်းညွှန်းဆိုပါရစေ။