Movie Name
Malik (2021)
Year
2021
Generes
Action, Biography, Drama
Code
IND0100
Type
Movie
Size
1.37 GB
Country
Bollywood
Description
Malik ဇာတ်ကားမှာတော့ Aliဆိုတဲ့ကောင်လေးက Ramdapallyဆိုတဲ့ပင်လယ်ကမ်းစပ်မြို့လေးမှာကြီးပြင်းလာသူတစ်ယောက်ပေါ့။ အဲ့ကမ်းစပ်က မူဆလင်နဲ့ ခရစ်ယာန်မျိုးနွယ်စုက လူတွေအတူတူနေထိုင်ကြတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ Aliအရွယ်ရောက်လာတော့ ဆင်းရဲလှတဲ့သူတို့မြို့လေးကို တိုးတက်အောင် လုပ်ပေးဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီလိုနဲ့ Aliတစ်ယောက် ခရစ်ယာန်ဖြစ်သူ သူငယ်ချင်း Davidနဲ့ပူးပေါင်းကာ မူဆလင်ဘုရားကျောင်းရှေ့က အမှိုက်ပုံကြီးကိုရှင်းလင်းပြီး မြို့အတွက် ကျောင်းတစ်ကျောင်းတည်ဆောက်ပေးခဲ့တယ်။ Aliဟာ Ramdapallyရဲ့ ခေါင်းဆောင်တစ်ဦးလိုဖြစ်လာခဲ့ပြီးတော့ အစိုးရကို ဆန့်ကျင်ကာ သူတို့ကမ်းစပ်မြို့လေးကိုကာကွယ်ပေးခဲ့တယ်။ လက်ရှိအချိန်မှာ Aliက အစိုးရအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတာမို့ အစိုးရက မျိုးနွယ်စု၂ခုကြား အဓိကရုဏ်းကို ဖန်တီးကာ Aliကို အပြစ်တင်ဖမ်းဆီးလိုက်ခဲ့တယ်။အာဏာပိုင်တွေက Aliကို ထိန်းသိမ်းထားတဲ့ ၁၄ရက်အတွင်း ထောင်ထဲမှာ သဘာဝအတိုင်းသေဆုံးသွားသလို သတ်ဖို့ အမိန့်ပေးထားတဲ့အတွက် ရဲတွေက Aliကိုသတ်ဖို့လူကို လိုက်ရှာရတော့တယ်။ ဒါပေမဲ့ Ramdapallyကလူတွေ ဘယ်သူကမှ Aliကိုသတ်ရဲတဲ့သတ္တိမရှိကြဘူး။ဒီလိုနဲ့ ရဲတွေဟာ Aliရဲ့တူဖြစ်သူ Davidရဲ့ သား Frandiကို ရှာတွေ့သွားပြီး Aliကိုသတ်ဖို့ အမိန့်ပေးခဲ့တယ်။မျိုးနွယ်စု၂စုကြားက ရန်ငြိုးတွေကို လက်စားချေဖို့ Frandiတစ်ယောက်က ဦးလေးဖြစ်သူ Aliကို သတ်နိုင်မလားဆိုတာ ကြည့်ရှုကြပါအုံး။