Movie Name
Royal Highness (2018) (ခရောင်းလမ်းကသစ်ခွဖြူ)
Year
2018
Generes
Historical, Romance
Code
SC0308
Type
Series
Size
17.5 GB
Country
China
Description
Royal Highness ခရောင်းလမ်းက သစ်ခွဖြူ ဒီဇာတ်လမ်းလေးက မင်မင်းဆက်မှ တော်ဝင်မျိုးနွယ်ရဲ့သွေးတစ်စက်မှမနှောဘဲ တော်ဝင်မင်းသားဘွဲ့နဲ့ မြှောက်စားခံရတဲ့ သာမညစာပေပညာရှင်လေးတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာပါ Drama Review (ဇာတ်လမ်းအညွှန်း) 👉🏻 ဟုန်ကျီဧကရာဇ်လက်ထက်မှာ ရန်လင်လို့ခေါ်တဲ့ စာပေသမားလေးတစ်ယောက်ဟာ သေပြီလို့ထင်ရာကနေ သူ့မင်္ဂလာဆောင်နေ့မှာပြန်နိုးထလာပါတယ် သူ့ကြောင့် မိသားစုချွတ်ခြုံကျ ဆင်းရဲသွားပေမဲ့ သူ့ဘေးနားမှာပါရမီဖြည့်ပေးနေတဲ့ သူ့ရဲ့ဇနီးအသစ်စက်စက်လေး ဟန်ယို့ညန်ကို အားနာရှက်ရွံ့နေရပါတယ် 👉🏻 မြို့တော်မှာပညာရှိစာမေးပွဲသွားဖြေမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့မြေကိုရောင်းပြီးခရီးထွက်လာတဲ့ ရန်လင်ဟာ လမ်းမှာ မတရားစွပ်စွဲခံရတဲ့လူသတ်မှုကိုဖြေရှင်းပေးရင်း နိုင်ငံရေးနဲ့ စတင်ပါဝင်ပတ်သက်လာပါတယ် 👉🏻 ရန်လင်ရဲ့ဘဝဟာ စစ်မြေပြင်မှာအိမ်ရှေ့မင်းသား ကျူးဟိုကျောက်နဲ့ဆုံပြီးတဲ့နောက် တစ်ဆစ်ချိုးပြောင်းလဲသွားကာ နန်းတော်မှာအိမ်ရှေ့စံရဲ့ အယုံကြည်ရဆုံး အကြံပေးညာလက်ရုံးဖြစ်လာပါတယ် 👉🏻 ရန်လင်တစ်ယောက် အိမ်ရှေ့စံကိုပုလ္လင်ပေါ်နန်းတင်ပေးရင်း အာဏာစက်တည်တံ့အောင်ကူညီပေးနိုင်မလား 👉🏻 စစ်ရေးနဲ့နိုင်ငံရေးပရိယာယ်တွေကြား ဘယ်လိုအကွက်ရွေ့နိုင်မလဲ ညီအစ်ကိုတွေကြားက သံယောဇဉ်အက်ကွဲမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ 👉🏻 သူ့ရဲ့ဘဝခရီးတစ်လျှောက်ဆုံရမယ့် အထုံရေစက်တွေကြား ပါရမီဖြည့်ဖက်ဖြစ်ခဲ့ဖူးတဲ့သူနဲ့ပဲ ဆက်လက်တွဲသွားမလား ဆိုတာကို SoulKingdom က တင်ဆက်ပေးမယ့် Royal Highness “ခရောင်းလမ်းက သစ်ခွဖြူ”ဇာတ်လမ်းတွဲကို စောင့်ကြည့်ရအောင်... ဒီဇာတ်လမ်းကို Zhao Lan Xin နဲ့ Chinese Team က ဘာသာပြန်သွားမှာပါ♥️ Bonus အနေနဲ့ မင်းသားမင်းသမီးတွေအကုန်က ပရိသတ်တွေနဲ့ မစိမ်းတဲ့သူတွေချည်းပဲ 😉