Movie Name
Keun Ruk Salub Chata (ကံကြမ္မာစေရာ)
Year
2021
Generes
Drama, Romance
Code
ST0304
Type
Series
Size
12.5 GB
Country
Thai
Description
အပိုင်းသစ်(၁ မှ ၁၆)ထိ စ/ဆုံး ဝပ် အဖြစ် Alek တပ် အဖြစ် Krating ဂျင်နီလ် အဖြစ် Namtran ကူလန်ဂျ် အဖြစ် Bua ဒီဇာတ်လမ်းလေးကတော့ ဝပ် နဲ့ တပ်ဆိုတဲ့ ကောင်လေးနှစ်ဦးကို ကံကြမ္မာက အချိုးကျကျ လှည့်ပြောင်းလိုက်တဲ့အကြောင်းပါ ဝပ်ဆိုတာကတော့ ရုပ်ချောသလောက်ပွေရှုတ်တတ်တဲ့ Bad Boy လေးပေါ့…. နာမည်ကြီး မင်းသမီးလေး ဂျင်နီလ် နဲ့ အတူ အတားအဆီးတွေကို ကျော်ဖြတ်ရင်ဆိုင်နေသူလေးပါ တပ်ဆိုတာကတော့ ရုပ်ချော ရေလျှံတဲ့ လေယာဉ်မှူး Rich Kid လေးပါ သူများတွေ မနာလိုလောက်ရအောင်ကို ချစ်စရာကောင်းပြီး အပြုံးချိုချိုနဲ့ ဆရာဝန်မလေး ကူလန်ဂျ်ကို ပိုင်ရှင်အဖြစ် သိမ်းပိုက်ထားနိုင်သူလေးလည်းဖြစ်ပါတယ် တစ်နေ့တော့ ဆန်းကြယ်တဲ့ ကံကြမ္မာက အက်ဆီးဒင့်ကနေ တစ်ဆင့် ဝပ် နဲ့ တပ်တို့ရဲ့ ဝိညာဉ်ချင်း လဲလှယ်သွားခဲ့ပါတော့တယ် အဲ့ဒီနောက်Bad boy ကောင်လေး ဝပ်ကတော့ လွပ်လပ်ပြီး နေချင်သလို နေခဲ့ရတဲ့ ဘဝကနေ ကြီးကြီးတက် ချမ်းသာပြီး အနေအထိုင် ပတ်ဝန်းကျင် ဂုဏ်သိက္ခာကို ဆင်ခြင်ရတဲ့ စည်းစိမ်ဘုံသို့ ရောက်သွားခဲ့ပြီး Rich kid ကောင်လေး တပ်ကတော့ ဗရမ်းဗတာ အလယ်အလတ်အဆင့်သို့ ရောက်သွားကာ.. သူတို့နှစ်ဦးရဲ့အချစ်တွေကပါ ပြောင်းလဲသွားသောအခါ…….. အရင်ကောင်မလေး နဲ့ ယခုကောင်မလေး အကြား သူတို့နှစ်ဦး ဗျာများရဦးမလား?? ဒါမှမဟုတ် အရင်က ခန္ဓာကိုယ်ထဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အရောက်ပြန်သွားနိုင်မလား?? ဂျင်နီလ် နဲ့ ကူလန်ဂျ်တို့ကရော နောက်ကွယ်က အမှန်တရားကို သိသွားမလား?? ကံကြမ္မာကနေ စေညွှန် ပြောင်းလဲလိုက်တဲ့ ဝပ် နဲ့ တပ်တို့ရဲ့ အနာဂတ်ကရော ဘယ်လို အခြေအနေ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်သွားရမလဲ?? မတူညီတဲ့ အတန်းအစားနှစ်ခု အပြောင်းအလဲကြောင့် သူတို့နှစ်ဦး ဘယ်လိုခက်ခဲရုန်းကန်ရမလဲ?? ဆိုတာ ဒီ “ကံကြမ္မာစေရာ” ဆိုတဲ့ ဇာတ်ကားလေးမှာ နှလုံးသားနဲ့ တစ်ထပ်တည်း စောင့်မျှော်အားပေးကြည့်ရှုလိုက်ရအောင်