-
Movie Name
-
Volition (2019)
-
Year
-
2019
-
Generes
-
Sci-Fi, Thriller
-
Code
-
04551
-
Type
-
Movie
-
Size
-
796 MB
-
Country
-
Hollywood
-
Description
-
IMDb Rating – 5.2/10
#Unicode
ဒီကားကတော့ ဒီရက်ပိုင်းကမှအသစ်ထွက်ထားတဲ့ Thriller/Sci-fic အမျိုးအစားကားပါ။
မင်းသားကသူငယ်ငယ်တည်းက အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာတွေကိုခဏခဏ မြင်မြင်
နေရလေ့ရှိတယ်။ တစ်ခါမြင်ပြီးတိုင်းပန်းချီဆွဲတာဖြစ်ဖြစ် နံရံပေါ်မှာချရေးတာဖြစ်ဖြစ် လုပ်လေ့
ရှိတယ်။ အနာဂတ်မှာဘာဖြစ်မလဲဆိုတာသူမြင်နိုင်ပေမယ့်သူ့စွမ်းရည်ကိုအသုံးချပြီးမသမာမှု
ဘာတစ်ခုမှကိုမလုပ်တဲ့လူရိုးကြီးတစ်ယောက်ပါ၊ တစ်နေ့တော့သူငှားနေတဲ့တိုက်ခန်းဖိုးတောင်
သူပေးစရာမရှိလောက်တဲ့အထိသူမွဲလာတဲ့အခါမှာတော့သူ့စွမ်းရည်ကိုလာငှားတဲ့သူ့ဘော်ဒါရဲ့
အလုပ်ကိုသူလက်ခံမိလိုက်တယ်။ အဲ့အလုပ်ကိုသူလက်ခံလည်းပြီးရော သူ့အာရုံထဲမှာ သူသေနတ်
အပစ်ခံရပြီးသေတာကို သူမြင်လိုက်တယ်။ မင်းသားအနေနဲ့အနာဂတ်မှာသူသေရမယ့်အဖြစ်အပျက်
တွေကိုဘယ်လိုတွေရှောင်မလဲ….. မင်းသားအခုလိုအမြင်တွေရနေတာကကောဘာကြောင့်လဲဆိုတာ
ဆက်ပြီးကြည့်ရှုလိုက်ပါဦးလို့. . .