Movie Name
Lupin III The First (2019)
Year
2019
Generes
Action, Animation, Adventure
Code
AN0375
Type
Movie
Size
995 MB
Country
Hollywood
Description
ဒီကားကတော့ လူပင် တတိယမျိုးဆက်အကြောင်းကို Kazuhiko Katō ( Monkey Punch )ရဲ့ Lupin the Third ကို အခြေခံပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကွာလတီတွေနဲ့ ရိုက်ကူးထားတာပါ ။ 43rd Japan Academy Award မှာ Animation of the Year ဆုကို ရခဲ့တဲ့အပြင် အခြားဆု ၆ဆုကိုလည်း ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့… ၁၉၆၀ ခေတ်နှောင်းပိုင်းကာလမှာ Eclipse ဆိုတဲ့ စွမ်းအားကြီးလက်နက်တစ်ခုကို လူတွေ အလွယ်တကူမယူနိုင်အောင် ထောင်ချောက်တွေဆင်ထားခဲ့ကြတယ်။ အဲဒီအကြောင်းအရာတွေကို ဘရက်ဆွန်ဒိုင်ယာရီစာအုပ်ထဲမှာ ရေးမှတ်ထားပြီး ဒိုင်ယာရီကိုလည်း ဖွင့်ရသိပ်ခက်တဲ့ သော့အိမ်လုပ်ပြီးထားခဲ့ပါတယ်။ နာဇီ ဂျာမနီတွေက Eclipse ကိုလိုချင်တဲ့အတွက်ကြောင့် ပါမောက္ခဘရက်ဆွန်ကိုတောင်းပေမဲ့ မပေးတာကြောင့် အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ နှစ်များစွာကြာတဲ့အခါမှာတော့ ပြတိုက်တစ်ခုမှာ ဒိုင်ယာရီကပြန်ပေါ်ပေါက်လာပါတယ်။ ဒီဒိုင်ယာရီကိုခိုးယူဖို့ကြိုးစားတဲ့အထဲမှာ တတိယမျိုးဆက် လူပင်နဲ့ လဲ့တိရှာဆိုတဲ့ကောင်မလေးလည်းပါပါတယ်။ လူပင်ကတော့ သိပ်တော်ပြီး ပဟေဠိတွေ စကားဝှက်တွေကိုဖြေရှင်းတာကျွမ်းတဲ့ နာမည်ကြီးသူခိုးတစ်ယောက်ပါ။ လဲ့တိရှာက တကယ်တမ်းတော့ သူခိုးမဟုတ်ဘဲ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်… ဒါပေမဲ့ သူဘာကြောင့် ဘရက်ဆွန်ဒိုင်ယာရီကိုဝင်ခိုးရတာလဲ ဒိုင်ယာရီရဲ့စကားဝှက်တွေ၊ထောင်ချောက်တွေနဲ့ အက်ကလစ်ဆိုတာ ဘယ်လိုစွမ်းအားပြင်းတဲ့လက်နက်မျိုးလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုပေးကြပါဦးရှင့်။