-
Movie Name
-
For The Weekend (2020)
-
Year
-
2019
-
Generes
-
Comedy
-
Code
-
04552
-
Type
-
Movie
-
Size
-
692 MB
-
Country
-
Hollywood
-
Description
-
For the weekend 2020 လူတိုင်းက ကိုယ့်ရဲ့ မွေးနေ့ကို ကိုယ်ချစ်တဲ့ သူတွေနဲဖြတ်သန်းချင်ကြတယ် မဟုတ်လား။ ဒါ့အပြင် မွေးနေ့ကို အထူးခြားဆုံး အကောင်းဆုံး ဖြစ်ဖို့ ပါတီပွဲတွေ ခရီးတွေလဲ စီစဉ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အခုဆို ကလောလို အထင်ကရနေရာမျိုးမှာ ဒေသခံအိမ်တွေကို တည်းခိုအိမ်အဖြစ် ပြင်ဆင်ပြီး ခရီးသွားလုပ်ငန်းရဲ့ တစ်ထောင့်တစ်နေရာမှာ ပါဝင်လာကြတယ်။ ဟိုတယ် နဲ့ မတူတဲ့အတွေ့အကြုံ ခံစားချက်အသစ်တွေ ရတဲ့အပြင် လည်ပတ်တဲ့ မြို့လေးကို မတူတဲ့ရှုထောင့်ကနေ ကြည့်မြင်နိုင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲက ဒေသခံတွေနဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးပျူငှာလွန်းပြီး ဧည့်ဝတ်ကျေတဲ့ ဒေသခံတွေကို မနှိုင်းယှဉ်စေချင်လို့ စာနည်းနည်း ရှည်သွားရတာပါ။ ဇာတ်လမ်းအကျဉ်း ဝင်စတန်က သူငယ်ချင်း ၅ယောက် အတူမဆုံတာ နှစ်၂၀ ရှိပြီမို့လို့ သူ့မွေးနေ့ကို အကြောင်းပြပြီး အားလပ်ရက် ခရီးလေး တစ်ခု စီစဉ်လိုက်တယ်။ နှစ်၂၀ကြာမှ ဆုံကြတာမို့ သိပ်ကို စိတ်လှုပ်ရှားနေတာက ဝင်စတန် တစ်ယောက်တည်းဖြစ်နေခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။ အသဲကွဲတဲ့သူ သေကြောင်းကြံတဲ့သူ အလုပ်ပြုတ်တဲ့သူ ဆေးသမား ပုံစံစုံပါတဲ့အပြင် ဖိတ်တဲ့သူရော မဖိတ်တဲ့ သူပါ အစုံပါတဲ့ ဒီပွဲလေးက တကယ်ရော ပျော်ရပါ့မလား။ လူတိုင်းမှာ မထုတ်ပြချင်တဲ့ လျှို့ဝှက်ချက်တွေ ရှိပြီး မဖြစ်မနေ ထုတ်ပြရတဲ့အခါ ဘယ်လိုတွေ ဖြစ်သွားနိုင်လဲ။ ထူးခြားချင်လို့ ဒေသခံတည်းခိုအိမ် ကိုငှားမိတဲ့ ဝင်စတန် မွေးနေ့ပွဲက ထင်မထားတဲ့ ထူးခြားမှုတွေ နဲ့ တစ်သက်တာလုံးမေ့မရတဲ့ မွေးနေ့ ဖြစ်မှာအသေအချာပါပဲ။