Movie Name
Hungama 2 (2021)
Year
2021
Generes
Comedy, Romance
Code
IND0103
Type
Movie
Size
1.31 GB
Country
Bollywood
Description
Disney+Hotstar က ဖြန့်ချိတဲ့ အသစ်စက်စက် Bollywood ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်… ဒီဇာတ်ကားက ၂၀၀၃ ခုနှစ်က နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ Hungama ဇာတ်ကားရဲ့ Sequel အနေနဲ့ထွက်ရှိလာတာပါ… ဇာတ်လမ်းကတော့….. သူဌေးကြီး မစ္စတာဘဂျာဂျ်နဲ့ အငြိမ်းစားထောင်မှူးမစ္စတာကပူရ်တို့က အရမ်းကိုခင်မင်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး သူတို့သားသမီးတွေကို လက်ထပ်ပေးဖို့အထိပါ စီစဉ်ထားကြတဲ့သူတွေဖြစ်ပါတယ်… မစ္စတာကပူရ်ရဲ့သားဖြစ်သူ အာကာရှ်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တူတွေတူမတွေနဲ့ ဘဝကိုပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဖြတ်သန်းနေသူတစ်ယောက်ပါ… ဒါပေမယ့် အေးဆေးနေရမယ့်ရက်တွေ ကုန်ဆုံးသွားချိန်ကတော့ သူ့ရဲ့ငယ်ရည်းစားဆိုသူက သူ့ရဲ့ကလေးဆိုသူကို ရင်ခွင်ပိုက်လို့ အိမ်ကိုရောက်ချလာတဲ့အချိန်ပါပဲ… ငယ်တုန်းကရှုပ်ထားတဲ့ ရည်းစားရဲ့ ကလေးက သူ့ကလေးအစစ်အမှန်လား…. နှစ်ဖက်မိဘသဘောတူထားတဲ့ ဂုဏ်သိက္ခာအိမ်ထောင်ရေးကိုရော ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ… ဟာသအသောလေးတွေနဲ့ ခပ်သွက်သွက်တင်ဆက်ထားတဲ့ အချစ်ဟာသဇာတ်လမ်လေးပါ။ ရုပ်ရှင်ရုံတွေမှာ မိသားစုလိုက် အပန်းဖြေကြည့်ရှုရမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး စိတ်ညစ်စရာများလှတဲ့ ခုကာလမှာ ခဏတာဖြစ်ဖြစ် အပန်းဖြေဖို့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။