Movie Name
Katha Singh (ကံစီမံသောချစ်ခြင်း)
Year
2021
Generes
Action, Romance
Code
ST0307
Type
Series
Size
19.4 GB
Country
Thai
Description
💞ကံစီမံသောချစ်ခြင်း💞 (2021) 💞 မြန်မာစာတန်းထိုး (စ/ဆုံး) ရပြီ... ❤️ Main Casts... တရိုင် အဖြစ် "Bank Artit" စီလင်ဒါ အဖြစ် "Pupe Kessarin" ဆက်ရန်... ဇာတ်လမ်းအကျဥ်း .... ကုသိုလ်ကံကောင်းပြီး လူဆိုးဂိုဏ်းလက်ထဲကနေ လွတ်လာတဲ့ တရိုင်တစ်ယောက် အရွယ်ရောက်လာတဲ့ တစ်နေ့မှာ သူ့မွေးရပ်မြေဆီပြန်ဖို့ အကြောင်းဖန်လာပါတော့တယ် .... ဒါပေမယ့် သူ့မိဘတွေက လူဆိုးတွေလက်ချက်နဲ့ သေဆုံးသွားခဲ့ရတာ တရိုင်တစ်ယောက် သိပြီးတဲ့နောက်မှာတော့ မိဘအတွက် လက်စားချေဖို့ မာဖီးယားခေါင်းဆောင်ထံ ချဥ်းကပ်ဖို့ ကြိုးစားခဲ့ပါတော့တယ် .... ထို့အတူ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဆွတ်ထာကလည်း ရှေးဟောင်းလက်နက်ဖြစ်တဲ့ ခါထာစင် (မှော်ဝင်ကြိမ်တုတ်) ကိုပိုင်ဆိုင်နိုင်ဖို့ သမီးဖြစ်သူ စီလင်ဒါနဲ့ ပူးပေါင်းကြံစည်ရှာဖွေနေသုတစ်ဦးပါ .... ခါထာစင်ဆိုတာက ရှေးဟောင်းကောင်သိုင်မဟာမြေရဲ့ အစွမ်းထက်လက်နက်ဖြစ်ပြီးရှာမတွေ့လောက်အောင် ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ .... ဒါပေမယ့် မာဖီးယားခေါင်းဆောင်ရဲ့ သမီးဖြစ်သူ စီလင်ဒါက အရှုံးမပေးပဲ ဒီမှော်ဝင်ကြိမ်တုတ်ကို နှစ်အတော်ကြာ ရှာဖွေနေခဲ့ပါတယ် .... ဒါပေမယ့် စီလင်ဒါမှာ ရှေးအရင်ဘဝနဲ့ ဆက်စပ်မှုရှိတာကြောင့် အတိတ်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်မှတ်မိဖို့ ကြိုးစားရင်း ခါထာစင်အကြောင်း သေချာစူးစမ်းလေ့လာရင်း .... တစ်နေ့မှာတော့ အတိတ်က အကြောင်းအရာတွေထဲမှာ ရှိခဲ့တဲ့ ကောင်လေးတစ်ယောက်ကို လက်ရှိဘဝမှာ အမှတ်မထင် ပြန်ဆုံတွေ့ခွင့်ရခဲ့တယ်ဆိုတာ သိလိုက် ရပါတော့တယ် .... ဒီလိုနဲ့ သူတို့နှစ်ယောက် အတိတ်ကို အကြောင်းပြုပြီး ရှေ့ဆက်ဘယ်လို နှောင်ကြိုးတွေ ရစ်ဖွဲ့ချည်နှောင်သွားကြမလဲ .... ? စီလင်ဒါတစ်ယောက် ခါထာစင်ကို ရှာတွေ့ပြီး သူ့အဖေဖြစ်သူရဲ့ ဆန္ဒကို ပြည့်ဝအောင် ဖြည့်ဆည်း ပေးနိုင်မလား .... ? သူ့အဖေဖြစ်တဲ့ မာဖီးယားခေါင်းဆောင်ကရော ဒီခါထာစင်ရသွားရင် ဘယ်လောက်အင်အားကြီးမားလာမလဲ .... ? ဆိုတာကို ဒီဇာတ်လမ်းတွဲကောင်းလေးထဲမှာ ကြည့်ရှု လိုက်ကြရအောင်လား .... 😉 [ ဇာတ်လမ်းအညွှန်းကို Mhoo Htoo မှ ရေးသားပေးထားပါတယ် ] Subtitle brought to you by Mann Mawkunn & Mhoo Htoo #Crd #Thai_Series_Fan #ThaifamousStarMyanmar