Movie Name
Rurouni Kenshin- The Beginning (2021)
Year
2021
Generes
Action, Adventure, Drama
Code
JP0017
Type
Movie
Size
1 GB
Country
Japan
Description
ယောက်ဖတော်နဲ့ အသေအကြေတိုက်ခဲ့တဲ့ Rurouni Kenshin: The Final အပြီးမှာထပ်ထွက်လာတဲ့ Rurouni Kenshin: The Beginning ဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လေ့လွင့်ရိုနင် ခန်းရှင်း ရယ်လို့မဖြစ်လာမီ လူသတ်သမား ဘတ်တိုဆိုင်းအဖြစ် နိုင်ငံရေးရှုတ်ထွေးတွေကြားထဲမှာ ခန်းရှင်းကျင်လည်ခဲ့ရတဲ့ဘဝ အစိတ်အပိုင်းကို နောက်ကြောင်းပြန်တဲ့ပုံမျိုးနဲ့ပြောပြရင်း ဇတ်အိမ်တည်ထားတာဖြစ်ပါတယ် ၁၈၆၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း အဆုံးသတ်စစ်ပွဲဆင်နွှဲနေကြချိန် မြို့ထဲလမ်းမတွေမှာ တိုက်ပွဲတွေနေရာအနှံဖြစ်ပွားနေပြီး လူသတ်သမား ဘတ်တိုဆိုင်းဆိုတဲ့ နာမည်ကြီး ဓားသမားတစ်ယောက်ဟာ အင်အားဘယ်လောက်များများသူ့ကိုဘယ်သူကမှမတားဆီးနိုင်ခဲ့ကြရုံမက ရှိုးဂန်းခေတ်နှောင်းရဲ့ ရဲတပ်ဖွဲ့ကြီးကတောင် လက်မြှောက်ထားရပါတယ်။ ဘတ်တိုဆိုင်းအနေနဲ့နှုတ်ယူခဲ့ရတဲ့အသက်တွေကြောင့် ဂျပန်ပြည်ကြီးကို ခေတ်သစ်တစ်ခုဆီခေါ်ဆောင်သွားချင်တဲ့ စိတ်သာရှိတဲ့လူငယ်လေးကို ခံစားချက်မဲ့လူသတ်စက်ကြီးလိုခေါ်ရလောက်အောင်ရင့်သီးသွားစေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့လိုဘဝတူ ကျိုးပဲ့နေတဲ့ဘဝထဲက မိန်းမလှလေးတစ်ယောက်နဲ့ဆုံခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတွေကြားကနေ ကြမ်းတမ်းခက်ထန်တဲ့ လူသတ်သမားအဖြစ်ကနေ နောက်ထပ် လူမသတ်တော့ဖို့ရာကျိန်ဆိုတဲ့အထိအောင်ဖြစ်သွားခဲ့ရပါတော့တယ်။ Rurouni Kenshin: The Beginning ကတော့ ခန်းရှင်းနဲ့ တိုမိုအဲတို့ရဲ့ အချစ်ဇတ်လမ်းလေးကနေ အသွားပြောင်းပြန်ဓားသမား ခန်းရှင်းအဖြစ်ပြောင်းလဲသွားခဲ့ရတဲ့ သခင်မဲ့ဓားသမား ခန်းရှင်းရဲ့ မူလဖြစ်တည်ရာပါပဲ။ Rurouni Kenshin movies series က Anime ကနေ live action ပြန်အသက်သွင်းကြတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ ဇတ်လမ်းပဲဖြစ်တဲ့အတွက် ရုပ်ရှင်စီးရီးကြီးတစ်ခုလုံးရဲ့ အစဖြစ်သလို နောက်ဆုံးသောအဆုံးသတ်လဲဖြစ်နေပါတယ်။ Reviewe တွေအရတော့ The Beginning ဟာ Live action တွေထဲမှာ ထိပ်တန်းဖြစ်တယ်လို့ဆိုကြပါတယ်။ ခန်ရှင်းဆိုတာဘာမှန်းမသိရင်တောင် ဒီ The Beginning ကကြည့်ရတာတန်စေရပါမယ်။ Rurouni Kenshin ဆိုတဲ့အတိုင်း အလန်းစား Swordskill တွေကိုကြည့်မှာပါ။ ကြည့်လိုတန်တဲ့အပြင် နောက်ဆုံးအနေနဲ့ ခန်းရှင်း ရုပ်ရှင်ဇတ်လမ်းတွဲရဲ့ အစဦးကိုကြည့်ရှုပေးကြပါဦး။ ဘာသာပြန်သူတွေကတော့ d3mon & Ma Phi ပဲဖြစ်ပါတယ်…