Movie Name
The Rising Sun Roy Fun Tawan Duerd(ဆာကူရာမြေမှချစ်သက်သေ)(နေချစ်သောပန်း)
Year
2014
Generes
Drama, Romance
Code
ST0059
Type
Series
Size
7.10 GB
Country
Thai
Description
💜 Nadech & Yaya 💜 ❣ဆာကူရာမြေမှ ချစ်သက်သေ ❣ မြန်မာစာတန်းထိုးစဆုံး 🖤 2014 တုန်းကထွက်ရှိခဲ့ပြီး Rating 7.3 ထိရရှိခဲ့တဲ့အပြင် ဆုပေါင်းများစွာပါရရှိထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ~ Main Casts ~ ရူ အဖြစ် Nadech Kugimiya မာယူမီ အဖြစ် Yaya Urassaya ဇာတ်လမ်းအကျဉ်းလေးကတော့ .... ရူ ဟာ ဂျပန်ပြည်က အလွန်ဩဇာအာဏာကြီးမားတဲ့ အိုနီစူကာလို့ အမည်ရတဲ့ ဆာမူရိုင်းအုပ်စုခေါင်းဆောင်ရဲ့ တူတစ်ယောက်ပါ .... မာယူမီကတော့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ သမီး ချောလေးပါ .... ရူနဲ့မာယူမီတို့အထက်တန်းကျောင်းအရွယ်ထဲက နှစ်ဖက်မိဘတွေက သူတို့နှစ်‌ယောက်အရွယ်ရောက်လာရင်လက်ထပ်ထိမ်းမြားပေးဖို့ နှုတ်အားဖြင့်သဘောတူစေ့စပ်ထားခဲ့ကြပါတယ် .... သူတို့နှစ်ယောက်ကလည်းအချင်းချင်း ချစ်ကြိုက်ကြ ပါတယ် .... တစ်နေ့ အိုနီစူကာကိုမကျေနပ်တဲ့လူဆိုးဂိုဏ်းတခုရဲ့ လုပ်ကြံမှုကြောင့် အိုနီစူကာတစ်မိသားစုလုံး အက်စီးဒင့် ဖြစ်ပြီးဆုံးပါးသွားခဲ့ကြပါတယ် .... ‌ ဒါကြောင့် ရူဟာအိုနီစူကာရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ် .... အဲ့ချိန်တုန်းက မာယူမီက အရမ်းငယ်သေးတာကြောင့် သိပ်ချစ်ရတဲ့ကောင်မလေးကိုအရှုပ်အထွေးတွေကြားမပါစေချင်တာကြောင့် ခေတ္တလမ်းခွဲခဲ့ပါတယ် .... ဒါကိုမသိတဲ့ မာယူမီတစ်ယောက်ကတော့ ရူက သူမထက် အိုနီစူကာတို့ရဲ့တာဝန်နဲ့ ဂုဏ်သိက္ခာကိုပိုပြီးတန်ဖိုးထားတယ်လို့ အထင်မှားပြီး စိတ်ဆိုးသွားပါ‌တော့တယ် .... ဒီလိုနဲ့ ၇နှစ်တောင်ကြာပြီးသွားတဲ့အခါမှာတော့ ရူက နာမည်ကျော်ဆာမူရိုင်းခေါင်းဆောင်တစ်ယောက်ဖြစ် နေချိန်မှာ မာယူမီဟာလည်း ကောင်လေးတွေရဲ့အသည်း ကျော်ဆရာဝန်မချောချောလှလှလေးဖြစ်သွားခဲ့ပါပြီ .... ကဲနှစ်ပေါင်းများစွာကြာမှာပြန်တွေ့ဆုံကြတဲ့သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေဆက်ဖြစ်လာ မလဲ .... ? လမ်းခွဲခဲ့တဲ့၇နှစ်သာကာလတစ်လျှောက်လုံးမှာ မာယူမီ ‌အနောက် အရိပ်လို တကောက်ကောက်လိုက်ပြီး တိတ် တိတ်လေးစောင့်ရှောက်ပေးခဲ့တဲ့ ရူတစ်ယောက်အချင်း ချင်းပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းချက်တွေပေး မလဲ .... ? မာယူမီကရောပြန်လက်ခံစဉ်းစားပေးမှာလား .... ? ရူ နဲ့ မာယူမီတို့ ပူးပေါင်းပြီး အခြားလူဆိုးဂိုဏ်းတွေကို အတူတူ ရင်‌ဆိုင်တိုက်ခိုက်သွားလေမလား .... ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ဒီဇာတ်လမ်းလေးမှာကြည့်ရှု လိုက်ကြရအောင် .... ? အေးချမ်းသာယာလှပလွန်းတဲ့ ဂျပန်ပြည်ကရှုခင်းတွေနဲ့ အတူ သိပ်ကိုမှ ရိုမန့်တစ်ဆန်လွန်းတဲ့ အချစ်ဇာတ်လမ်း ကောင်းလေးတစ်ပုဒ် .... 💕