-
Movie Name
-
မရိုးသားသောလှည့်ဖြားမှု (Leh Luang)(2021)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
ST0312
-
Type
-
Series
-
Size
-
5.76 GB
-
Country
-
Thai
-
Description
-
🌹မရိုးသားသော လှည့်ဖြားမှု🌹(2021)
♦️ဇတ်လမ်း အကျဉ်း♦️
💢အိုင် ဆိုတဲ့ ကိုယ့်ဒူးကိုယ်ချွန် မိန်းခလေး တစ်ယောက်မှာ
ဖင်း ဆိုတဲ့ ကပ်ပါးချစ်သူ တစ်ယောက် ရှိပါတယ်...
💢ကပ်ပါး ဆိုသော်လည်း လုပ်သမျှသာ မအောင်မြင်ပေမယ့်
ငါးကြင်းခေါင်း ကိုင်ချင်ပြီး Super Star ဖြစ်ချင်သော
ပိုင်းလုံး တစ်ယောက်ပါ..
💢ဘဝတိုးတက်ရေး လမ်းညွှန်ချက်တွေ ဖောရှော ဟောပြောရင်း
လူတွေကို အယုံသွင်း ဂျင်းထည့်ကာ ကြီးပွားနေသော
နည်းပြ ဗီးနပ် ဆိုသူထံမှာ အိုင် တစ်ယောက် သင်တန်း
သွားတက်မိရာမှ အဆိုပါ နည်းပြမ နှင့် သူမချစ်သူ
မောင်ပိုင်းလုံးတို့ စတင်ဖောက်ပြန်ကြတော့သည်...
💢အမှတ်မထင် ခွန်ဗီတာမင် ဆိုသူနှင့် အိုင်တို့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ထိုသူက အိုင်ကို တိတ်တခိုး သဘောကျနေခဲ့သည်..
💢အိုင် လိုသမျှကို တတ်နိုင်သလောက် ကူညီတိုင်ပင်ဖော်
သူငယ်ချင်းကောင်း လုပ်ပေးသော ခွန်ဗီတာမင် ဆိုသူ၏
အတိတ်မှာလည်း နည်းပြမ ဗီးနပ်က သူ၏ ဖခင်ကို မြူဆွယ်ကာ
ရှယ်ယာတွေ လိမ်ယူသွားခဲ့ဖူးသော သာဓက ရှိနေလေတော့....
💢ဘုံရန်သူချင်း တူနေကြသည့် သူတို့ ဘယ်လိုတွေ ပူးပေါင်းပြီး
ဗီးနပ်မ ကို လက်စားချေကြမလဲ...?
💢အရာရာကူညီပေးရင်း ဖြစ်ပေါ်လာသော သံယောဇဉ်ကြောင့်
အိုင် နှင့် ခွန်ဗီတာမင်တို့ အပြန်အလှန် ရစ်နှောင်ဖွဲ့သော
ချစ်ခြင်းတရားများ နဲ့ Happy Ending ပြီးဆုံးသွားတာကို
ဒီခေတ် လူငယ်တွေ အကြိုက် ပါးရိုက်သံ တဖြောင်းဖြာင်းနှင့်
ပညာပေး ဇတ်ကားလေးကို ကြည့်ရှုချင်ပါတယ် ဆိုရင်တော့...
🌹မရိုးသားသော လှည့်ဖြားမှု 🌹
ဇတ်လမ်းတွဲလေးကို မလွတ်တမ်း ကြည့်ရှုဖို့
တိုက်တွန်းလိုက်ပါရစေ...