Movie Name
Eye For Eye (မျက်လုံးအတွက်မျက်လုံး)
Year
2021
Generes
Drama
Code
ST0314
Type
Series
Size
9.14 GB
Country
Thai
Description
" မျက်လုံးအတွက်မျက်လုံး " (2021) မြန်မာစာတန်းထိုး အစ/အဆုံး [ ၁ မှ ၁၈ ] Main Casts _ ဝါယု အဖြစ် Krist Perawat ကတ်ဆလာ အဖြစ် Aom Piyada ^^ ဇာတ်လမ်းအကျဉ်း ^^ တစ်နေ့မှာ ဂျူလဖတ်ဘူရီရတ် မျိုးရိုးရဲ့ ကျောရိုးဖြစ်တဲ့ ဖခင်ဖြစ်သူဟာ သမီးဖြစ်သူ မေထနီနဲ့အတူ မသမာသူတစ်ဦးရဲ့လက်ချက်ကြောင့် လေယာဉ်တိမ်းမှောက်သွားခဲ့ပါတော့တယ် ... ဖခင်ဖြစ်သူဟာ ချက်ချင်း ဆုံးပါးသွားပြီး သမီးဖြစ်သူ မေထနီကတော့ လပေါင်းများစွာ မေ့မျောနေခဲ့ပါတော့တယ် ... မေထနီ မေ့မျောနေစဉ် တစ်လနီးပါးအတွင်း မိထွေးဖြစ်သူ ကတ်ဆလာကကုမ္ပဏီရဲ့ဥက္ကဌနေရာကို ရယူသွားခဲ့ပါတော့တယ် ... မေထနီ တစ်ယောက် သတိလစ်နေရာမှ သတိပြန်ရလာချင်း ထိုကိစ္စကို သိသွားခဲ့အခါ ချက်ချင်း ဗြောင်းဆန် သွားခဲ့ပါတော့တယ် ... ဘာလို့ဆို မေထနီဟာ ခွန်ကတ်ဆလာကိုလုံးဝ မယုံကြည်ခဲ့တာကြောင့်ရယ်သူ့ဖခင်ကို သတ်ခဲ့တာ ခွန်ကတ်ဆလာလို့ ထင်နေခဲ့ခြင်းကြောင့်ပါ ... ထိုကိစ္စကို သံသယဖြစ်နေသော မေထနီတစ်ယောက် သူ့မောင် ဖြစ်တဲ့ ဝါယု နဲ့ ဂန့်ဖနတ်ကိုပါ မိထွေးဖြစ်သူကို မယုံရန်စည်းရုံးခဲ့ပါတော့တယ် ... တစ်နေ့ ထိုကိစ္စကို မယုံကြည်တဲ့ ဝါယုတစ်ယောက် မိထွေးဖြစ်သူ ခွန်ကတ်ဆလာကို သံယောဇဉ်ရှိပြီး ချစ်ကြိုက်မိသွားသောအခါ ... သူ့အဖေကို သတ်ခဲ့သူမှာ ခွန်ကတ်ဆလာမဟုတ်ကြောင်း သက်သေပြဖို့ နောက်ကွယ်က အမှန်တရားကို အသည်း အသန် လိုက်လံရှာဖွေခဲ့ပါတော့တယ် ... အဲ့ဒီအချိန်မှာပဲ ခွန်ကတ်ဆလာရဲ့ အရင်ယောကျာ်းဖြစ်သူ ရုတ်တရက်ပေါ်လာခဲ့ပြီးဝါယု ခွန်ကတ်ဆလာ နဲ့ အရင်ယောကျာ်းအကြား ရှုပ်ထွေးသောကွန်ရက်တစ်ခုပေါ်ပေါက်လာခဲ့တဲ့အပြင် ... အချစ်ကို ဗန်းပြပြီး ကုမ္ပဏီကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ရယူလိုသူများအကြားတွင် ပဋိပက္ခများစွာပေါ်လာခဲ့ပြီး အချင်းချင်း ဘယ်လို ခြောက်တွန်း ယုတ်မာ ရက်စက် သတ်ဖြတ်ပြီး ကုမ္ပဏီကို ဘယ်သူက အုပ်ချုပ်ခွင့်ရမှာလဲ သူတို့ရဲ့ အဆုံးသတ်ကရော ဘယ်လိုဖြစ်မလဲ ဆိုတာကို စိတ်ဝင်စားမှုအပြည့်နဲ့ ဒီဇာတ်လမ်းတွဲသစ်လေးမှာ ကြည့်ရှုလိုက်ကြရအောင် ...