Movie Name
Unforgettable Love (2021)(ခိုလှုံရာရင်ခွင်လေး)
Year
2021
Generes
Drama, Romance
Code
SC0315
Type
Series
Size
7.55 GB
Country
China
Description
Unforgettable love ခိုလှုံရာရင်ခွင်လေး 🌼 မြန်မာစာတန်းထိုး ( 1 - 24 )စဆုံး #ဒီကားလေးမကြည့်ရသေးရင်ကြည့်ကြည့်😘Xiao Bao လေးရေလွမ်းနေပြီ၁ပိုင်းကြည့်တာနဲ့စွဲပြီလေ Xiao Bao လေးကဆွဲဆောင်မှုအရှိဆုံးလေ ကိုယ့်ရဲ့ ခလေးလေး အသဲလေးပူတူးလေး ကဲ….ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရရင် ဟယ်ရှီgroupရဲ့CEO ဟယ်ချောင်ယန့် ဟာ ရုပ်ရည်ချောမောတဲ့ကလေးတစ်ယောက်အဖေ စီပွါးရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ ရုပ်ရည်ချောမောပြီး အေးစက်စက်စရိုက်ရှိတဲ့ ဟယ်ချောင်ယန့်ဟာ သူ့ရဲ့မိတဆိုးသားလေးကိုပြုစုစောင့်ရှောက်ဖို့အတွက် နွေးထွေးကြင်နာတဲ့မိခင်တစ်ယောက်ရှိစေချင်ပါတယ်။ မိခင်မေတ္တာလိုအပ်နေတဲ့ဟယ်ချောင်ဟန့်ရဲ့သားလေးဟာ ချင်းယီယွဲ့ ဆိုတဲ့ နွေးထွေးကြင်နာတတ်တဲ့ကလေးစိတ်ပညာရှင်ကို ဆေးရုံတစ်ခုမှာတွေ့ပြီး သူ့မိခင်လို့ထင်သွားခဲ့ပါတယ်။ဟယ်ချောင်ယန့်ဟာ နွေးထွေကြင်နာတတ်တဲ့ကလေးစိတ်ပညာရှင်မလေးကိုမြင်မြင်ချင်းမှာပဲ သူ့သားလေးအတွက်မိခင်နေရာကနေစောင့်ရှောက်ပေးနိုင်မယ့်သူလို့ယုံကြည်ပြီး ချက်ချင်းလက်ထပ်ခွင့်တောင်းလိုက်ပါတော့တယ်။ ချင်းယီယွဲ့ဟာ အကြောင်းအမျိုးမျိုး​ကြောင့် ကလေးအတွက် ဟယ်ချောင်ယန့်နဲ့လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ ဟန်ဆောင်လက်ထပ်ချိန်အတွင်း ချင်းယီယွဲ့ဟာ မေတ္တာလိုအပ်နေတဲ့သားအဖနှစ်ယောက်ရဲ့အေးစက်စက်လောကကြီးကို နွေးထွေးအောင်လုပ်ပေးနိုင်မှာလား။ညနက်နက်ရဲ့အမှောင်ထုလို မှောင်မိုက်နေတဲ့သားအဖနှစ်ယောက်ရဲ့ဘဝထဲ ငြိမ်းချမ်းအေးမြတဲ့လရဲ့အလင်းရောင်နဲ့တူတဲ့ ကလေးစိတ်ပညာရှင် ချင်းယီယွဲ့ရောက်လာတဲ့အခါ ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမှာလဲ။ မိတဆိုးသားလေးအတွက် စာချုပ်နဲ့လက်ထပ်လိုက်တဲ့ သူတို့နှစ်ယောက်ကြားမှာကော အချစ်ဆိုတဲ့အရာပေါက်ဖွားလာမှာလား။ဟန်ဆောင်လက်ထပ်ပွဲကရော စာချုပ်သဘောတရားအတိုင်း အချိန်အတိုင်းအတာတစ်ခုမှာအဆုံးသတ်သွားမှာလား ဒါမှမဟုတ် ချစ်မေတ္တာလွှမ်းခြုံထားတဲ့တကယ့်မိသားစုလေးဖြစ်သွားမလားဆိုတာကို “ခိုလှုံရာရင်ခွင်လေး”ဆိုတဲ့ အပိုင်း(35) ပိုင်းနဲ့တင်ဆက်မယ့် ရိုမန့်တစ်ဒရာမာလေးကို စောင့်မျှော်ကြည့်ရှုကြရအောင်လား။