Movie Name
District 13 (2004)
Year
2004
Generes
Action, Crime, Sci-Fi
Code
EN0433
Type
Movie
Size
809 MB
Country
Hollywood
Description
ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ ၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်… အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်း‌လေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်.. ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပြီး IMDb rating 7.1 ရရှိထားတဲ့ထိ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ…ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။ အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင် သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။ သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ.. ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး..သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ… လူ ၂ သန်း‌လောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျုဗုံးတစ်လုံးကို နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ… ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ဖိုက်တာလူဆိုးတွေကြား နျူဗုံးကို ဘယ်လိုသွားဖြုတ်မလဲဆိုတာရယ်.. ဒီနျူဗုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကရော ဘာတွေလဲဆိုတာရယ်…ဆက်လက်ကြည့်ရှုရမှာပါ။ လုံးဝကြမ်းတဲ့ အမှန်အကန်ဖိုက်တာကားမို့ ကြည့်ဖူးရင်တော့ တစ်ဖန်ပြန်ကြည့်လို့ မပျင်းစေရဘူး ညွှန်းဆိုလိုပါတယ်။