-
Movie Name
-
District 13 Ultimatum (2009)
-
Year
-
2009
-
Generes
-
Action, Crime
-
Code
-
EN0434
-
Type
-
Movie
-
Size
-
1.08 GB
-
Country
-
Hollywood
-
Description
-
IMDb Rating(6.5) / Rotten Tomatoes(75%)
၂၀၀၄ ကထွက်ခဲ့တဲ့ District 13 ကားလေးကိုမှတ်မိလောက်ဦးမယ်ထင်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက District 13 ဆိုတဲ့နေရာလေးကိုအခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။
ပထမကားဟာ IMDb 7.1 ထိရရှိခဲ့သလိုပဲ ဒုတိယကားဟာလည်း IMDb 6.5 ဆိုတော့
ပထမကားလောက်နီးနီးအရသာပေးစွမ်းနိုင်ဆဲကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။
ဒုတိယမြောက်ကားလေးကိုတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး
ပထမကားလောက်နီးပါး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။
ဇာတ်လမ်းလေးကိုတော့ ပထမကားရဲ့အဆုံးသတ်ကနေပဲ ဆက်ထားပါတယ်။
လီတိုတို့ရဲ့ အမဲရောင်နယ်မြေလေးကို အုတ်တံတိုင်းတွေဖြိုဖျက်ပြီး
နယ်မြေကောင်းကောင်းလေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကတော့
အစိုးရတွေပြောင်းသွားသော်လည်း လေထဲမှာလွင့်ပျောက်သွားပြီး
လီတိုတို့နယ်မြေလေးဟာ ဆိုးမြဲပေမြဲတေမြဲဆက်လက်ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ လီတိုတို့နယ်မြေလေးကို ဖြိုဖျက်ပြီး
အသစ်ကနေစပြီးပြန်လည်တည်ဆောက်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနဲ့
ကော်မရှင်ခမျိုးမျိုးမြတ်မြတ်လေးလိုချင်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကလူကြီးတစ်ယောက်တို့တွေ့ဆုံတဲ့အခါ
ဘယ်လိုနိုင်ငံရေးပဋိပက္ခတွေကို ဖန်တီးမလဲ၊ ဒေမီယမ်နဲ့ရောဘယ်လိုငြိမလဲ၊
လီတိုကရော ဒီကားထဲမှာ ဘာတွေဆက်လုပ်သွားမလဲ
လီတိုတို့နယ်မြေရဲ့ ဂိုဏ်းတွေကရော ဘာတွေလုပ်ကြမလဲဆိုတာကို မြိုင်မြိုင်လေးကြည့်ရဦးမယ့် ကားကောင်းလေးတစ်ကားပါ။
ပထမကားလောက်နီးနီးကို ကြည့်လို့ရှယ်ကောင်းလှတာမို့ ဒီကားကိုလဲ လက်မလွတ်သင့်ပါဘူး။