-
Movie Name
-
The Sleeping Dictionary (2003)
-
Year
-
2003
-
Generes
-
Drama, Romance
-
Code
-
EN0438
-
Type
-
Movie
-
Size
-
1.06 GB
-
Country
-
Hollywood
-
Description
-
IMDb Rating (6.6) / Rotten Tomatoes (67%)
ဒီလိုအိမ်တွင်းအောင်းကာလမှာ တစိမ့်စိမ့်သောက်ရမယ့် လက်ဖက်ရည်ကျစိမ့်တစ်ခွက်ဆိုတာ ဒီလိုဇာတ်ကားပါပဲ…
မင်းသမီး Jessica Alba နဲ့ မင်းသား Hugh Dancy တို့ပါဝင်ထားပြီး
မလေးရှားနိုင်ငံက Sarawak ဆိုတဲ့နေရာမှာ ရိုက်ကူးထားတာပါ။
မလေးရှားတိုင်းရင်းသားရိုးရာအလှအပ အဝတ်အစားတွေနဲ့ ၁၉၃၀ ဝန်းကျင်ကာလကို သေချာတင်ဆက်ထားတာမို့
ဂျက်ဆီကာအယ်လ်ဘာကိုတောင် တိုင်းရင်းသူလေးအဖြစ် အမှတ်မှားသွားနိုင်ပါတယ်။
Romantic Drama ဇာတ်ကားမျိုးထဲမှာ မတူတဲ့ရသတစ်မျိုးနဲ့ အမြဲသတိရသွားစေမယ့်ရုပ်ရှင်မျိုးပါပဲ။
ဇာတ်လမ်းနာမည်လေးကလဲ ဆန်းတယ်.. အိပ်စက်ခြင်းအဘိဓာန်တဲ့ ..
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရှေးကျတဲ့ Tiban လူမျိုးတွေနေထိုင်တဲ့
မလေးရှားက Sarawak ဒေသကို ယဉ်ကျေးမှုတွေဖလှယ်ပေးဖို့အတွက်
အင်္ဂလိပ်လူငယ်လေးတစ်ယောက်ကို တာဝန်ပေးအပ်လိုက်ပါတယ် ..
ထိုလူငယ်လေးဟာ မထင်မှတ်ဘဲ ဒေသခံမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားခဲ့ပေမဲ့
ဂုဏ်သိက္ခာကိုရှေ့တန်းတင်တဲ့ အင်္ဂလိပ်လူမျိုးတွေဘက်ကတော့ လက်ထပ်ဖို့သဘောမတူခဲ့ပါဘူး ..
ဒီလိုနဲ့ သူတို့တွေကြားမှာဖြစ်ပေါ်လာတဲ့တင်းမာမှုတွေ၊အချစ်ရဲ့ဂုဏ်သိက္ခာအကြောင်းတွေ
Tiban လူမျိုးတွေရဲ့ယဉ်ကျေးမှုစရိုက်တွေကို အသစ်အဆန်းအနေနဲ့တွေ့ကြုံခံစားရမှာပဲဖြစ်ပါတယ် ..
အေးတိအေးစက် အချစ်ဇာတ်လမ်းသိပ်မကြိုက်တဲ့ ကျွန်တော်တောင် ဒီရုပ်ရှင်ကိုသဘောကျပါတယ် ..
“အိပ်စက်ခြင်း အဘိဓာန်” ကဘာလဲဆိုတာ ခံစားကြည့်စေလိုပါတယ်။