Movie Name
The Suicide Squad (2021)
Year
2021
Generes
Action, Adventure, Comedy
Code
EN0440
Type
Movie
Size
1.39 GB
Country
Hollywood
Description
The Suicide Squad (2021) Superheroဆိုတာဂျိုနဲ့လားလို့ ​တွေ့သမျှလူတိုင်းကို Face to Face လိုက်​မေးမယ့် Harley Quinn ရဲ့ Suicide Sqaudလာပါပြီ Marvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့​သောင်းကျန်းလို့အပြီးမှာ​တော့ ဒါရိုက်တာ James Gunnတစ်​​ယောက် DC universeရဲ့ ​မျောက်​​လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ​​ရောက်လာခဲ့ပါပြီ IMDB rating – 7.9 နဲ့ Rotten Tomatoes rating – 95% ​တောင်ရထားတာမလို့ ​DCEU ရဲ့ ဇာတ်ကား​တွေထဲမှာ အမြင့်ဆုံး ratingလို့​​တောင် ပြောလို့ရပါတယ် U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါ​​ဝေါလ်လာတစ်​ယောက် Enchantressနဲ့ ရင်ဆိုင်အပြီးမှာ ​​နောက်ထပ်ကမ္ဘာပျက်မယ့်​ ဘေးအန္တရာယ်ကြီးတစ်ခုအတွက် အ​သေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြ အဲ့ဒီအန္တရာယ်က​တော့ တောင်​အမေရိကကျွန်းငယ်နိုင်ငံ​လေးတစ်ခုကို အုပ်ချုပ်​နေတဲ့လူတစ်စုရဲ့ လက်ထဲကို​ရောက်ရှိ​နေတဲ့ Project Starfish လို့​ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါ အဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်း​တွေကို အဲ့ဒီကျွန်းနိုင်ငံ​​လေးအထိ သွား​​ရောက်ဖျက်ဆီးရမှာက ဇာတ်လိုက်​ကျော် Suicide Sqaud ကြီးရဲ့တာဝန် ဖြစ်လာပါ​​တော့တယ်၊ သူတို့​တ​တွေ အောင်​အောင်မြင်မြင်ပဲ ဝင်​ရောက်ဖျက်ဆီးနိုင်မှာလား ဘယ်လိုတလွဲတ​ချော်​တွေ ဖြစ်ကြဦးမလဲ၊ ဘယ်​လောက်ထိခွီရဦးမလဲဆိုတာကို DC universe ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲ ခပ်ကြမ်းကြမ်းရိုက်ကွက်တွေနဲ့ အပီအပြင်ရိုက်ပြထားတာမလို့ အားပါးတရကြီးကြည့်ရှုခံစားရမှာပါ ​အ​ရှေ့ပိုင်းဇာတ်ကား​တွေမှာ ​ဝေဖန်မှု​တွေခံ​နေရတဲ့​ WBကုမ္ပဏီအ​နေနဲ့ ဒီတစ်​ခေါက် Suicide Squadနဲ့ ပရိတ်သတ်​တွေရဲ့ အား​ပေးမှုကို ဘယ်လိုပြန်ပြီးသဲ့ယူသွားမလဲဆိုတာ ကြည့်ရမှာပါ… ဒါ​ပေမဲ့ Margot Robbieရဲ့ Harley Quinnတစ်​ယောက်ထဲနဲ့တင် Rating 100% မှာ 101% ​ပေးဖို့တန်နေပါပြီ။ ဆိုတော့ကာဗျာ ….. ပြောမယုံ ကြုံမှသိလိမ့်မယ်ဗျ ကြည့်ပြီးမှ ပြန်ဆွေးနွေးကြတာပေါ့။ အညွှန်းကတော့ JimX ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ 2TAY ဖြစ်ပါတယ်။