-
Movie Name
-
Roy Leh Sanae Rai (မာယာတစ်ထောင်)(လည့်စားတတ်သောကျားမာယာ)
-
Year
-
2015
-
Generes
-
Drama, Romance
-
Code
-
ST0316
-
Type
-
Series
-
Size
-
14.6 GB
-
Country
-
Thai
-
Description
-
အမွေတွေ့ခွဲမပေးချင်လို့လက်ထပ်ခဲ့ပင်မဲ့တကယ်ချစ်မိသွားတော့ဘယ်လို့တွေ့Roမလဲ🤔
Ro💏 တာကြိုက်ရင် ဒီကားလေးသာကျိ့ ပိုးဆိုးပက်စက် Ro တာနော် 😘မင်းသားကလဲ🙆 Uတို့အသဲကျော် P push❤
ဇာတ်လမ်းအကျဉ်း
"ကုမ်ပေါ့"ဆိုတာက ဘားပိုင်ရှင်သူဌေးကြီး"ကစေရတ်"ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး USမှာနေတဲ့သူပါ တစ်နေ့မှာ သူ့အဖေရဲ့စျာပနကြောင့် ထိုင်းကိုပြန်လာခဲ့ရပါတယ် ဒါပေမဲ့ ထိုင်းရောက်ရောက်ချင်း အဖေ ဖြစ်သူရဲ့သေတမ်းစာကြောင့် မကျေနပ်ဖြစ်သွားပါတော့တယ် ဘာလိုလဲဆိုတော့ သေတမ်းစာထဲမှာ ဘာမှသွေးမတော်သားမစပ်တဲ့ "နမ်နိန်"ဆိုတဲ့သူစိမ်းကောင်မလေးကို အမွေအဖြစ်ငွေတွေအမြောက်အမြားပေးပစ်ခဲ့တာကြောင့်ပါ
တကယ်တော့ "ကုမ်ပေါ့"အဖေနဲ့ "နမ်နိန်"အဖေတိုဟာ ဘားကိုအတူတည်ထောင်ခဲ့သူတွေဖြစ်ပြီး သူငယ်ချင်းတွေပါ ဘားကအောင်မြင်ပြီး နာမည်ရလာချိန်မှာတော့ "ကုမ်ပေါ့"အဖေက "နမ်နိန်"အဖေကို သစ္စာဖောက်ပြီး လုပ်ငန်းတစ်ခုလုံးကိုသူ့အပိုင်အဖြစ်ခိုးယူလိုက်ပါတယ်
ဒါကြောင့်မို နှစ်၂၀ကြာပြီးတဲ့အချိန်မှာတော့ "ကုမ်ပေါ့"အဖေဟာ နောင်တများစွာရပြီး သူသေခါနီးမှာ သူငယ်ချင်းရဲ့သမီးဖြစ်သူ နမ်နိန်ကို အမွေတွေအများကြီးပေးခဲ့ပါတော့တယ်
ဒါပေမဲ့ ဒီလိုဖြစ်ရပ်မှန်အားလုံးကိုမသိရှာတဲ့"ကုမ်ပေါ့"ဟာ အမွေကိစ္စနဲ့အကြီးအကျယ်ဒေါသထွက်ကာ "နမ်နိန်"ရမယ့်အမွေတွေအားလုံးကိုပြန်ယူဖို အချစ်မာယာဂိမ်းတစ်ခုကိုဖန်တီးပါတော့တယ်
"နမ်နိန်"ကတော့ ရိုးရှင်းပြီးအေးချမ်းတဲ့ အလှဖန်တီးရှင်သာမာန်ကောင်မလေးတစ်ယောက်ပါ အမေဖြစ်သူနဲ့အတူနေထိုင်ပြီး အချစ်ကိုယုံကြည်ပြီးတန်ဖိုးထားမြတ်နိုးသူပါ
"ကုမ်ပေါ့"ကတော့ ယောကျ်ားတိုရဲ့မာယာနဲ့ "နမ်နိန်"ရဲ့နှလုံးသားကိုရအောင်သိမ်းပိုက်ပြီး အမွေတွေအားလုံးကိုသူ့ဆီလွှပြောင်းဖို လှည့်ကွက်ဆင်ပါတော့တယ်
ချစ်ခြင်းတရားက ဆန်းကြယ်တယ်ပဲဆိုရမလား "ကုမ်ပေါ့"တစ်ယောက် သူကိုယ်တိုင်လုံးဝမသိလိုက်ချိန်မှာပဲ "နမ်နိန်"ကို အချစ်စစ်နဲ့အချစ်ကြီးချစ်မိသွားပါတော့တယ် ဒါပေမဲ့ ဝဋ်လည်တယ်ဆိုပါတော့ သူတိုလက်ထပ်တဲ့နေ့မှာပဲ သူဟာ "ကုမ်ပေါ့"ရဲ့အချစ်နယ်ရုပ်ရဲ့ဖြစ်နေခဲ့တာကို
"နမ်နိန်"သိသွားတဲ့အခါမှာတော့ ကုမ်ပေါ့ကိုအမုန်းကြီးမုန်းကာ နည်းမျိုးစုံဖြင့် ကွာရှင်းဖိုကြံစည်ပါတော့တယ်
ဒါဆိုရင် ဒီလိုလှည့်ဖြားတတ်တဲ့မာယာဂိမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ အချစ်ကြီးချစ်မိသွားတဲ့ "ကုမ်ပေါ့"ကရော "နမ်နိန်" သူ့ကို တဖန်ပြန်ချစ်လာအောင်ကြိုးစားနိုင်မလားဆိုတာကို ရသစုံလင်စွာခံစားကြည့်ရှုရမှာမို Thai Drama Page မှာ စောင့်မျှော်အားပေးပါအုံးနော်