Movie Name
NAVARASA
Year
2021
Generes
Drama
Code
SIND0011
Type
Series
Size
3.71 GB
Country
Bollywood
Description
IMDb Rating (8.1) ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ဖူးကြတဲ့ တာယာပွကြီးတို့၊ခြူသစ်တို့ရဲ့ ဗီတာမင်စာစုများကာတွန်းစာအုပ်တွေလိုပါပဲ…. အခု Netflix က တင်ဆက်လိုက်တဲ့ တမေလ်စကားပြော Navarasa anthology ဇာတ်လမ်းတွဲဟာ အပိုင်း ၉ ပိုင်း ဇာတ်လမ်း ၉ ခုနဲ့ နဲ့ဖွဲ့စည်းထားပြီး ဝတ္ထုတိုပေါင်းချုပ်လို ဟင်းပေါင်းတစ်ခွက်လို ချိုချဉ်ဖန်ခါး အပူအစပ်အဟပ်တွေကို တပြိုင်တည်း တည့်တည့်တိုးမိသလို တစ်ပိုင်းခြင်းဆီက မတူညီတဲ့ ခံစားချက်တစ်ခုဆီကို တပြိုင်တည်း ခံစားကြည့်ရှုရမှာပါ။ Navarsa ဆိုတာ တမီးလ်ရုပ်ရှင်တွေအတွက် ခြေလမ်းသစ်တခုဖြစ်ပြီး တွေ့မြင်နေကျ တောင်ပိုင်းကားတွေနဲ့မတူပဲ Netflix ကားပီပီ လွတ်လွတ်လပ်လပ် တင်ဆက်ခွင့်ရထားတာဖြစ်တဲ့အတွက် ဆန်းသစ်တဲ့ရိုက်ချက်နဲ့တင်ပြပုံတွေကိုမြင်ရပါလိမ့်မယ်။ တောင်ပိုင်းကားတွေနဲ့ရင်းနှီးနေကျ ပရိသတ်တွေအတွက် Suriya, Vijay Sethupathi, Siddharth တို့လို ဒိတ်ဒိတ်ကြဲတွေကစလို့ နာမည်ကျော်ဇာတ်ပို့ဇာတ်ရံတွေအများကြီးပါဝင်ထားပါတယ်။ ဂရုဏာ၊ ရယ်မောခြင်း ၊ အံသြဖွယ် ၊ စက်ဆုပ်ဖွယ် ၊ ငြိမ်းချမ်းရေး ၊ ဒေါသ ၊ ကြောက်ရွံမှု ၊ ရဲစွမ်းသတ္တိ ၊ ဆွတ်ပျံကြည်နူးဖွယ်ဆိုတဲ့ စိတ်ခံစားချက်တွေကို အပိုင်းလိုက်တင်ပြထားပြီး အပိုင်းတိုင်းက ကြည့်ရှုသူရင်ထဲကို မေးခွန်းတွေရော ခံစားမှုတွေရော ချန်ထားခဲ့ပေးမှာပါ။ Story ၉ ပုဒ်ကို ဒါရိုက်တာ ၉ ယောက်က ကိုယ့်စတိုင်နဲ့ကိုယ် အပြိုင်ကြဲတင်ဆက်ထားတာမို့ ဘယ်သူက အမိုက်ဆုံးလဲဆိုတာ………။