Movie Name
Radio Romance(2018)
Year
2019
Generes
Romance
Code
SKR0168
Type
Series
Size
2018 MB
Country
Korea
Description
အဓိက သရုပ်ဆောင်တွေကတော့ Kim So-hyun (Ruler), Yoon Doo-Joon(Iris) , Yoon Park( Package) တို့က အဓိက သရုပ်ဆောင်ထားကြပါတယ်။ နာမည်ကို Romance ဆိုတော့ Ro တာလေးတွေကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ Viki မှာလဲ 9.8/10 တောင်ရထားတယ်ဆိုတော့ သိပ်ပြောစရာ မလိုလောက်တော့ပါဘူး။ ကျွန်တော်အနေနဲ့တော့ Ro တာလေးတွေ ကြည့်ဖို့ဆို လုံးဝ ကြည်တောက်ပြီးနေမှခံစားလိုကောင်းမယ်လို့ယူဆထားပါတယ်။ ဒါကြောင့်လဲ Video encode ကို file size နည်းပြီး Quality မကျအောင် ကုတ်ထားပေးပါတယ်။ သိမ်းထားချင်သူ အတွက်လဲအဆင်ပြေသွားအောင်လို့ပါ။ ဇာတ်လမ်းလေးကတော့ Yoon Doo-joon က အဖေက လူရှုပ် နဲ့ မိထွေးနဲ့အတူတူ နေရပါတယ်။ မိထွေးဆိုတာကလဲ သားပျော်ရွှင်ဖို့ထက် ပိုက်ဆံပိုရတာကိုလုပ်စေချင်ပါတယ်။ အဲ့တော့ ရုပ်ရှင်သရုပ်ဆောင်လောကထဲကို မွေးစားသား ဝင်ရောက်စေပြီး နာမည်ကြီးနေတဲ့သူ တစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ မင်းသမီး အနေနဲ့တော့ Kim So-hyun ကတော့ Radio လောကမှာ စာရေးဆရာမ တစ်ယောက်ဖြစ်ချင်နေပါတယ်။ ဒါပေမယ့်သူက တွဲဖက် စာရေးဆရာမ ဘဝကနေ မတက်လို့ အသဲအသန်ကြိုးစားနေတဲ့အချိန်မှာ သူ တင်ဆက်နေကြ အစီအစဉ်က ပျက်သွားခဲ့ပါတယ်။ ဒါကြောင့် နောက်အစီအစဉ် တစ်ခုကို ဖန်တီဖို့ုကြိုးစားချိန်မှာတော့ မင်းသား Yoon Doo-Joon အနေနဲ့ ဘယ်နေရာက ကူညီပေးရမလဲ ဘယ်လိုတွေ ဆက်ဆက်ပြီး တွေရှိကြမှာ ရုပ်ရှင်လောက ကနေ Radio လောက ထဲဘယ်လိုဝင်ရောက်မှာလဲရယ်ပေါ့။ Yoon Park ကတော့ ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ မင်းသမီးကို အုပ်ချုပ်ရတဲ့ သူအဖြစ်ပါဝင်ထားပါတယ်။ ကဲ အများကြီးပြောလို့ Ro တာလေးပေါ်သွားပြီးကြည့်မကောင်းဖြစ်သွားအုံးမယ်။ Ro တာလေးတွေနဲ့ Radio ဆိုတာ ဘယ်လိုမျိုးဆိုတာကို ကြည့်ရှုခံစားကြပါအုံး။