Movie Name
Waiting For Rain(2021)
Year
2021
Generes
Drama, Romance
Code
KR0072
Type
Movie
Size
1.17 GB
Country
Korea
Description
IMDb…7.5 Moon lovers ထဲက မင်းသားတစ်ယောက်ဖြစ်တဲ့ Kang Ha Neul ရဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ဝင်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတယ်… ရှေ့(၂)ခါကျထားတော့ သူ့ခဗျာ စိတ်ဓာတ်ကျနေပြီလို့လည်းပြောလို့ရတယ်… တစ်ရက်စာကြည့်တုန်း စာအုပ်ထဲမှာအပြေးပြိုင်ပွဲပုံလေးတွေ့သွားတယ်… သူကလေးဘဝအပြေးပြိုင်တုန်းက ကောင်မလေးတစ်ယောက်က ချွေးသုတ်ဖို့ လက်ကိုင်ပဝါလေးပေးဖူးတာကို အမှတ်ရသွားတယ်… ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီးရင်ခုန်ခဲ့ဖူး အမှတ်တရရှိခဲ့ဖူးပေမဲ့ အချိန်ကြာလာရင် အနည်ထိုင်သွားတတ်တယ်…သို့ပေမဲ့ အနည်ဆိုတာမျိုးဟာလည်း တစ်စုံတစ်ခုထိ ထိခိုက်မိသွားရင် ပြန်လှုပ်နိုးလာတတ်တာပဲမဟုတ်လား…ဒါ့ကြောင့် ကောင်လေးဟာ လက်ကိုင်ပဝါပေးဖူးတဲ့ကောင်မလေးရဲ့လိပ်စာကို စုံစမ်းပြီး စာလေးပို့ပေးဖို့ကြိုးစားပါတယ်… သူကြိုးစားတာအောင်မြင်တယ်လို့ပြောရပါ့မယ်…ကောင်မလေးဆီက ပြန်စာလေးတွေရောက်လာတတ်တယ်… သူ့အတွက်နေ့ရက်တိုင်းဟာ အဓိပ္ပါယ်ရှိလာသလိုပါပဲ… ဒါပေမဲ့ ဒီစာလေးတွေရဲ့နောက်ကွယ်မှာ သူလုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်… စာရေးဆရာတစ်ယောက်ရဲ့စကားကိုကိုးကားပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ အားလုံးကိုစွန့်လွှတ်ရရင်တောင် Romance နဲ့ Drama ဇာတ်ကားလေးတွေကိုတော့ ချိုမြိန်စွာခံစားခွင့်ရှိကြတယ်မဟုတ်လား… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…