Movie Name
Airplane (1980)
Year
1980
Generes
Comedy
Code
EN0443
Type
Movie
Size
896 MB
Country
Hollywood
Description
IMDb Rating (7.7) / Rotten Tomatoes (97%) Rating တွေ သတိထားမိရင် ဒီဇာတ်ကားကို ဟာသကားလို့တောင် ထင်စရာမရှိပါဘူး… တကယ်တော့ Parody အမျိုးအစား ဟာသရုပ်ရှင်ဇာတ်ကားစစ်စစ်ပါ… မင်းသားကြီး Robert Hays အဓိကနေရာက သရုပ်‌ဆောင်ထားပြီး ကနေဒီယန်ဟာသမင်းသားကြီး Leslie Nielsen (The Naked Gun မင်းသား) တို့လဲပါဝင်ထားပါတယ်။ Classical ရုပ်ရှင်တွေထဲမှာ တော်တော်လေးရယ်ရတဲ့ရုပ်ရှင်ပါ… Paramount Pictures မှထုတ်လုပ်ထားပြီး ကုန်ကျငွေ $3.5 Million သာ ရှိခဲ့ပေမယ့် Box Office ရုံဝင်ငွေ $171 Million ကျော် ရရှိခဲ့တာမို့ စီးပွားရေးအရ သောက်သောက်လဲမြတ်စွန်းခဲ့သလို အနုပညာအရလဲ အောင်မြင်ခဲ့တဲ့ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့… Ted Striker ဆိုတဲ့လူဟာ လေယာဉ်ပျက်ကျဖူးတဲ့ လေယာဉ်မှူးတစ်ယောက်ပါ။ နောက်တစ်ခေါက်လေယာဉ်စီးရမှာ ကြောက်နေပေမယ့် မထင်မှတ်ဘဲ လေယာဉ်ထပ်စီးရပါတယ်။ ကံကဆိုးတော့ သူစီးတဲ့လေယာဉ်မှာ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအားလုံး အစာအဆိပ်သင့်ပြီး ဒီလေယာဉ်ကြီး ချောမွေ့စွာ ဆင်းသက်ဖို့တာဝန်ဟာ Ted Striker ပုခုံးပေါ်ကို ကျရောက်သွားပါတော့တယ် .. ကဲ ဘယ်လိုပေါက်တက်ကရတွေဖြစ်မလဲဆိုတာကိုတော့…။