Movie Name
The Secret Scandal (Norigae) [2013]
Year
2013
Generes
Drama, Thriller
Code
KR0073
Type
Movie
Size
1.07 GB
Country
Korea
Description
ဖြစ်ရက်မှန်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Norigae ဆိုတဲ့ စကားလုံးက sex toy လို့အဓိပ္ပာယ်ရပြီးတော့ ၂၀၁၃ ခုနှစ်မှာထွက်ခဲ့တဲ့ drama/thriller အမျိုးအစားရုပ်ရှင်ကားဖြစ်ပါတယ်။ ကိုရီးယားရုပ်ရှင်လောကရဲ့အရှုပ်အထွေးတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့….သတင်းထောက်လီဂျန်ဟိုက မင်းသမီးဂျောင်ဂျီဟဲ suicude လုပ်သွားတဲ့ကိစ္စရဲ့နောက်ကွယ်ကအကြောင်းတွေကိုလိုက်စုံစမ်းရင်း မင်းသမီးကိုဒါရိုက်တာနဲ့ ပရိုဂျူဆာတို့ကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့အကြောင်းတွေပါပေါ်လာကြပြီးတော့ တရားရုံးမှာအမှုရင်ဆိုင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့အတိုင်း ငွေရှိတဲ့သူတွေကလူပါးဝပုံတွေ မင်းသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုပါဒီဇာတ်ကားမှာတွေ့နိုင်ပါတယ်။ အဲ့ဒီ့ကနေတရားရင်ဆိုင်ကြရင်ဖြစ်လာတဲ့အဆက်အခဲတွေ ဒီအမှုကိုနိုင်သွားမှာလား ရှုံးနိမ့်မှာလားဆိုတာကတော့ ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ပေးကြပါဦး ( p.s – ဒီဇာတ်ကားက ကိုရီးယားမင်းသမီးဂျန်ဂျာယွန်းရဲ့အဆုံးစီရင်မှုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းထဲကအတိုင်းအပြင်မှာလည်းတကယ်ဖြစ်ခဲ့တာပါ မင်းသမီးဂျန်ဂျာယွန်းက F4 ကားထဲမှာ ဂင်ဂျန် ဒီကိုဝိုင်းအကျင့်မကောင်းကြတဲ့ကျောင်းသူသုံးယောက်ထဲက တစ်ယောက်အနေနဲ့သရုပ်ဆောင်ခဲ့ဖူးပါတယ် )