Movie Name
The Innocent
Year
2021
Generes
Crime, Drama
Code
SE0131
Type
Series
Size
4.89 GB
Country
Hollywood
Description
IMDB Rating 7.9/10 User 20K အင်္ဂလိပ်လိုဆိုရင် The Innocent , စပိန်စကားနဲ့​ပြောရရင် Inocente, မြန်မာမှုပြုလိုက်ရ​င်​တော့ “အပြစ်ကင်း​လေသူ”​ပေါ့ ဒါ​ပေမဲ့ ဒီseriesထဲက ဇာတ်​ကောင် မက်တီယိုဗီဒယ်က​တော့ အပြစ်ကင်းသူဆိုတာထက် “ကံဆိုးသူ​မောင်ရှင်” လို့​ခေါ်ရင် ပိုမှန်ပါလိမ့်မယ် ဇာတ်လမ်းအစမှာတင် အကိုဖြစ်သူရဲ့ရန်ပွဲမှာ ဝင်ပါမိရင်း မ​တော်တဆလူသတ်မှု​ကြောင့် ​ထောင်ကျခဲ့ရသူ၊ ထောင်က​နေ အာမခံနဲ့လွတ်ရက်ရပြန်​​တော့လည်း မိဘနှစ်ပါးရဲ့နာ​ရေး၊ ​ ထောင်က​နေလွတ်လာပြီး ဘဝတစ်ခုပြန်စမယ်​တွေးပြန်​​တော့ ချစ်ရတဲ့အကိုဖြစ်သူကပါ ​လေဖြတ်​ရောဂါနဲ့ ဆုံးသွားပြန်​ရော ဒီလိုကံဆိုးလွန်းတဲ့ ဇာတ်လိုက်​ကျော်မက်တီယိုရဲ့ ဘဝထဲကို မိန်းက​လေးတစ်​ယောက် ဝင်​ရောက်လာပြီး သာယာတဲ့ အိမ်​​ထောင်ရေးတစ်ခုကို ​ပျော်​ပျော်ရွှင်ရွှင်အစပြုဖို့ကြံစည်ခဲ့ပါတယ် ဒါ​ပေမဲ့ အဲ့ဒီအကြံဟာလည်း သူ့ရဲ့ ရှုမငြီးတဲ့ချစ်ဇနီးဆီ ဝင်လာတဲ့ Unknown Numberနဲ့ ဖုန်းတစ်​​ကောလ်​ကြောင့် ​ဇောက်ထိုးမိုး​မျှော် ဖြစ်သွားရပြန်ပါတယ် သူ့ဇနီးကိုဆက်တဲ့ဖုန်းနံပါတ်ဟာ ဘယ်သူ့နံပါတ်လဲ၊ သူ့ဇနီးက သူ့ကို လိမ်ညာထားတာလား၊ ​နောက်ကွယ်မှာ​ဖောက်ပြန်​နေတာလားဆိုတဲ့ ပြဿနာအ​သေးစား​လေးက​နေ သပွတ်အူလိုရှူပ်​ထွေး​ပွေလီလွန်းတဲ့ပြဿနာကြီးတစ်ခုထဲကို မက်တီယိုတစ်​ယောက် ပါဝင်ပတ်သတ်မိသွားတဲ့အခါ……. စပိန် Crime,Thriller,Mystery ရုပ်ရှင်​တွေနဲ့ ဇာတ်လမ်းတွဲ​တွေဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ ထင်မထားတဲ့ Plot twist​တွေများစွာပါဝင်မှု၊ သရုပ်​ဆောင်​တွေရဲ့ သဘာဝကျမှု​ကြောင့် အဆင့်အတန်းတစ်ခုမှာ ရှိ​နေမှန်း Money Heist, Elite, The Platform, Alta Mar, The Pierတို့ကို ကြည့်ဖူးတဲ့ ပရိတ်သတ်​တွေဆိုရင် ​ကောင်း​ကောင်းကြီး ရင်းနှီး​နေမှာပါ၊ ဒီ Miniseriesဟာလည်း IMDB 79% နဲ့ Rotten Tomatoes 100% အပြည့်ရထားတဲ့ Crime Drama seriesပါ၊ ပရိတ်သတ်​တွေကြည့်ရှုပြီးရင် ရင်ထဲတသသကျန်ခဲ့မယ့် လှည့်ကွက်​တွေအပြည့်ပါတဲ့ series​ကောင်းတစ်ခုဆိုတာ အာမခံနိုင်ပါတယ်၊ ကိုယ်တိုင်ပဲကြည့်ရှုအား​ပေးလိုက်ပါ