Movie Name
BHUJ - THE PRIDE OF INDIA (2021)
Year
2021
Generes
Action, War
Code
IND0112
Type
Movie
Size
1.11 GB
Country
Bollywood
Description
Bhuj: The Pride of India(2021) အညွှန်း *********************************** ဖြစ်ရပ်မှန်အခြေခံတဲ့ အိန္ဒိယစစ်ကားတစ်ကား… ဒီရုပ်ရှင်ဟာ ၁၉၇၁ ခုနှစ်မှာဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Ajay Devgn , Sanjay Dutt , Sonakshi Sinha က ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း (တာဝန်ခံ)အရာရှိ ဗီဂျေးကာရ်နစ်ခ်ရဲ့လက်အောက်မှာရှိတဲ့ ဘူဂျ်လေတပ်စခန်းဟာ ပါကစ္စတန်လေတပ်ရဲ့ဗုံးကြဲခြင်းကို ခံလိုက်ရလို့ လေယာဉ်ပြေးလမ်းတွေပျက်စီး ကုန်တယ်…. % buffered 00:00 -00:03 Download Your browser does not support the video tag. ဒါ့အပြင် တင့်ကားလက်နက်အပြည့်အစုံ ၊ အင်အားအလုံးအရင်းနဲ့ နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာမယ့် ပါကစ္စတန်ကြည်းတပ်ကို အိန္ဒိယနယ်ခြားစောင့်တပ်တွေက မထိန်းနိုင်တော့ပါဘူး။ အဲ့ဒီနေရာကို တစ်ခြားတပ်ရင်းတွေကနေ ရဟတ်ယာဉ်နဲ့ စစ်ကူပို့ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တစ်ဖက်မှာ ပါကစ္စတန်ရေတပ်က အမြောက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတာကြောင့် ရဟတ်ယာဉ်တွေ ဝေဟင်မှာ မပျံရဲတော့ပါဘူး။ တကယ့်ခံစစ်စည်းကျိုးပေါက်ရင်တခြားနေရာတွေပါအလွယ်တကူပေးလိုက်ရမှာမို့ ဒီနေရာကို မဖြစ်မနေ ပါကစ္စတန်တွေမသိမ်းနိုင်အောင် အသဲအသန်ကြိုးစားရမဲ့အနေအထားဖြစ်ပါတယ်.. စစ်ရေးအရ အရေးနိမ့်ကျမှုများစွာရှိလို့ အိန္ဒိယတပ်မတော်ဟာ နောက်ဆုံးနည်းတစ်နည်းနဲ့ စစ်ပွဲကိုပြန်လည်စိုးမိုးဖို့ကြိုးစားပါတော့တယ်…. သူတို့တွေဘယ်လိုကြိုးစားကြလဲ… သူတို့စီစဉ်ထားသလိုဖြစ်လာပါ့မလား.. ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် အိန္ဒိယ ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြောင်း ဖြစ်ပါတယ်။ ရိုက်ချက်တွေတော်တော်ကြီး အဆင့်အတန်းမြင့်မားတဲ့ ရုပ်ရှင်ဖြစ်လို့ ဇာတ်လမ်းအစအဆုံးကို ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါတော့…။