-
Movie Name
-
အတ္တဖုံးတဲ့အမုန်းစံအိမ် (Rissaya) (2016)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
ST0320
-
Type
-
Series
-
Size
-
3.88 GB
-
Country
-
Thai
-
Description
-
"အတ္တဖုံးတဲ့ အမုန်းစံအိမ်"အစအဆုံးရပီ 🙈
~Main Casts ~
ချာနော့တ် အဖြစ် Thanwa
ဝစီကာ အဖြစ် Anyarin
ရှေးယခင်က အယုဒ္ဓနန်းတော်ကြီးထဲမှာ အလွန်ရှေးရိုးဆန်ပြီး အာဏာကိုခုံမင်တဲ့ ချူးလီ လို့အမည်ရတဲ့
သခင်မကြီးတစ်ယောက်ရှိပါတယ် ....
သူမဟာအရာအားလုံးကို လက်ခုပ်ထဲကရေလိုသဘော
ထားပြီး သူမခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့တော်ဝင်သွေးကို အမြဲ ဂုဏ်ယူဝင့်ကြွားနေတတ်သူတစ်ယောက်ပါ ....
ညီမ ဖြစ်သူ ချွန်ချွမ်ကတော်ဝင်သွေးကို တန်ဖိုးမထားပဲ သူမတို့ နန်းတော်ထဲက ခြံစောင့်နဲ့ ခိုးရာလိုက်သွားတာကြောင့် အလွန်အမျက်ထွက်ကာ နန်းတော်တစ်ခုလုံးက လူတွေအားလုံးကို ထိန်းချုပ် ပ်ိတ်လှောင်ထားပါ
တော့တယ် ....
သခင်မကြီး ချူးလီရဲ့ လင်ဖြစ်သူကလည်း သူမအပေါ် သစ္စာမရှိပြန်ပဲ အစေခံဖြစ်သူ မယ့်ဝယ်နဲ့ ဖောက်ပြန်ပြီး ဝစီကာဆိုတဲ့ သမီးလေးတစ်ယောက်ရလာပါတယ် ....
ဝစီကာကို မယားငယ်သမီး ကျွန်သွေးဆိုပြီး သူမရဲ့စံအိမ်ထဲမှာအကျဉ်းသားတစ်ယောက်လို ပိတ်လှောင်ကာနေ့စဉ်
နဲ့အမျှ နှိပ်စက်ပြီး ဒေါသထွက်တိုင်းသူမအပေါ် ပုံချကာ
နန်းတော်တစ်ခုလုံးက အလုပ်တွေအကုန်ကိုခိုင်းစေလေ့
ရှိပါတယ် ....
တနေ့ ဝစီကာကို သခင်မကြီး နှိပ်စက်နေတဲ့အချိန်မှာ
ချာနော့တ်ဆိုတဲ့ နိုင်ငံခြားပြန်ကောင်လေးတစ်ယောက်က
ဝင်ကယ်တင်ပေးခဲ့ရင်း မြန်မြန်ချင်းချစ်မိသွားပါတော့
တယ် ....
ဝစီကာကို ကယ်ပေးပြီးနောက် နော့တ်နဲ့သခင်မကြီးတို့အကြီးအကျယ်စကားများကြရင်းချာနော့တ်ကသူမ
အလွန်တရာမုန်းတီးတဲ့ ညီမဖြစ်သူ ချွန်ချွမ်ရဲ့ သားမှန်းသ်ိလိုက်ရပါတော့တယ် ....
သူမရဲ့ လက်စားချေချင်စိတ်ဟာ ပိုမိုပြင်းထန်လာပြီး
သားဖြစ်သူ ချိုင်းဟာရစ်ကို ချွန်ချွမ်ရဲ့ သမီးချွန်နန်နီနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းလိုက်ပါတော့တယ် ....
ချိုင်းဟာရစ်တစ်ယောက်ကရော မချစ်ပဲ လက်ထပ်လိုက်ရတဲ့ မိန်မလှလေး ချွန်နန်နီကို ချစ်သွားပါ့မလား .... ?
ချာနော့တ် နဲ့ဝစီကာတို့ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကရော
သခင်မကြီးရဲ့ အတ္တတွေကိုကျော်လွှားနိုင်ပြီးအေးချမ်း
သာယာတဲ့ဘဝလေးပိုင်ဆိုင်နိုင်ပါ့မလား .... ? 💕
စံအိမ်တော်ကြီးထဲ နေ့စဉ်ညဆက်လောင်မြ်ိုက်ပြီး မာယာ
ပရိယာယ်တွေ အတ္တတွေနဲ့ဖုံးလွှမ်းနေတဲ့ သခင်မကြီး
ချူးလီရဲ့ ဘဝကရော ဘယ်လို ဘယ်ပုံနဲ့ အဆုံးသတ်သွားလေမလဲဆိုတာကို ....
အချစ် , အမုန်း , အလွမ်း , အတ္တတွေနဲ့ နင့်နင့်ကျူးကျူး
ရိုက်ကူးပုံဖော်ထားတဲ့ "အတ္တဖုံးတဲ့အမုန်းစံအိမ်" လို့အမည်ရတဲ့တော်ဝင်ဇာတ်ကားကောင်းကြီးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင် ....