Movie Name
Once Upon A Time In America (1984)
Year
1984
Generes
Crime, Drama
Code
EN0458
Type
Movie
Size
3.09 GB
Country
Hollywood
Description
Once Upon A Time In America (1984) ======================== သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ Godfatherတို့ Goodfellasတို့ထက် မညံ့ဘူး။ ပုဂ္ဂလိကအမြင်အရပြောရမယ်ဆိုရင်တော့ သူ့ရဲ့ လွမ်းမောဖွယ်ကောင်းခြင်းကြောင့် အဲ့ဒီနှစ်ကားလုံးထက် ပိုသဘောကျမိတယ်။ လွမ်းမောဖွယ်ကောင်းတယ်ဆိုတဲ့နေရာမှာ ဇာတ်အိမ်၊ တေးဂီတနဲ့ ရုပ်ရှင်ဓာတ်ပုံပညာတို့အပြင် ဂျနီဖာကွန်နယ်လီရဲ့ ကလေးဘဝက အလှအပကိုပါ ထည့်တွက်ရမယ်ထင်တယ်။ သူ့ဇာတ်ဝင်ခန်းကသိပ်မများပေမဲ့ သူ့ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ငယ်ရုပ်ကလေးက ဒီဘက်ခေတ်က ကျွန်တော့်အတွက် ပိုလွမ်းမောဖွယ်ဖြစ်စေခဲ့တယ်။ လေးနာရီဆယ့်တစ်မိနစ်ကြာတဲ့ ဒီရုပ်ရှင်ကိုကြည့်ဖို့ စိတ်ထင့်ကောင်း ထင့်ပါလိမ့်မယ်။ ဒါပေမဲ့ ‌ပထမ၁၅မိနစ်ကိုကျော်လွန်ပြီးတဲ့အခါ မရပ်တမ်းဆက်ကြည့်ချင်လောက်အောင် Directorရဲ့ Storytellingဟာ သေ‌သပ်လှပတယ်။ အဲ့ဒီဘက်ခေတ်ရုပ်ရှင်တွေမှာ ကျွန်တော်တော့ သိပ်မတွေ့ဖူးတဲ့ ပုံသဏ္ဍာန်မျိုးပဲ။ Poetic Cinemaဆိုတဲ့ ရုပ်ရှင်ဂရုထဲက ရုပ်ရှင်သမားတစ်ယောက်ကတော့ ဒီလိုပြောခဲ့ဖူးတယ်။ ” ဇာတ်လမ်းရဲ့အဆုံးမှာ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Sergio Leoneကို ဘာလို့Geniusတစ်ယောက်လို့ သတ်မှတ်ခဲ့ကြလဲဆိုတာ ခင်ဗျားနားလည်သွားလိမ့်မယ်။ ပြီးတော့ သူ့ရုပ်ရှင်ဟာ ဘယ်လောက်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလဲ ခင်ဗျားသိသွားလိမ့်မယ်။”တဲ့။ ပုဂ္ဂလိကအမြင်အရတော့ အကောင်းဆုံးဂန်းရုပ်ရှင်အဖြစ်ရော Robert De Niroရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ်ရော ကျွန်တော်တော့ သတ်မှတ်ထားတယ်။ Once upon A Timeဆိုတဲ့ စကားလုံးနဲ့ အလိုက်ဖက်ဆုံးရုပ်ရှင်လို့လည်း ဆိုချင်တယ်။