Movie Name
My Secret Bride (လျှို့ဝှက်သတို့သမီး) (Kao Waan Hai Noo Pen Sai Lub) (2019)
Year
2019
Generes
Comedy, Romance
Code
ST0128
Type
Series
Size
13 GB
Country
Thai
Description
ခပ်စွာစွာ ကျွန်တော့်သတို့သမီး ငွေကြေးချမ်းသာပြီး ရာထူးကြီးကြီး ခန့်ချောကြီးမို့ မဆွတ်ခင်ကညွှတ်ချင်နေတဲ့ မဒီကညာတွေဝိုင်းဝိုင်းလည်နေသူ 🔸ဒုရဲမှူး ရွတ် / ဒါနုရွတ် ဆန်ခါပတ် အဖြစ် 𝐆𝐫𝐞𝐚𝐭 𝐖𝐚𝐫𝐢𝐧𝐭𝐨𝐫𝐧 𝐏𝐚𝐧𝐡𝐚𝐤𝐚𝐫𝐧 🔸 စိတ်ဓာတ်ရေးရာချို့တဲ့တဲ့ဖခင်နဲ့ လောင်းကစားဒိုင်မိခင်တို့ကမွေးဖွားလာပြီး ဆင်းရဲနွမ်းပါးတဲ့ဘဝနဲ့ကြီးပျင်းလာရတဲ့သူ၊ ထူးခြားဆန်းကြယ်စွာ သေဆုံးပြီးသူတွေရဲ့ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိသူ၊ မဟုတ်မခံစိတ်ရှိတဲ့ 🔸ခပ်စွာစွာကောင်မလေး ဆွမ် သန်နမက် အဖြစ် 𝐊𝐚𝐨 𝐒𝐮𝐩𝐚𝐬𝐬𝐚𝐫𝐚 𝐓𝐡𝐚𝐧𝐚𝐜𝐡𝐚𝐫𝐭🔸 အထက်အရာရှိရဲ့အမိန့်အတိုင်း လျှို့ဝှက်စွာပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင်ထန်းဆောင်ဖို့ ရွတ် အနားကိုချည်းကပ်လာသူ 🔸ရဲအုပ် ဖတ်ဒဲ / ဆာရာ အဖြစ် 𝐏𝐚𝐫𝐢𝐢𝐭 𝐓𝐡𝐢𝐦𝐭𝐡𝐨𝐧𝐠🔸 နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ တရားမဝင်ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်မယ့်လျှို့ဝှက်မစ်ရှင်ရဲ့ ခေါင်းဆောင် 🔸ရဲမှူးကြီး ထွန် အဖြစ် 𝐀𝐮 𝐓𝐚𝐧𝐚𝐤𝐨𝐫𝐧 𝐏𝐨𝐬𝐚𝐲𝐚𝐧𝐨𝐧🔸 🔸ဇာတ်လမ်းအကျဉ်း🔸 ဆွမ်တစ်ယောက် ငယ်စဉ်ကသူမကိုကူညီပေးခဲ့ဖူးတဲ့ ဒုရဲမှူးရွတ်ကို မြင်မြင်ချင်းတိတ်တခိုးစိတ်ဝင်စားမိပေမယ့် ၇နှစ်အကြာမှာ ဖဲဝိုင်းကိုလာဖမ်းတဲ့ ဒုရဲအုပ်နဲ့ ဖဲဒိုင်ရဲ့သမီး အဖြစ်ပြန်လည်ဆုံတွေ့မိကြပုံကတော့ ကို့ယို့ကားယားနိုင်လွန်းခဲ့ပါတယ်....🤣 အဲ့ဒိနောက်မှာ ဆွမ်ဟာ ရုပ်ဖျက်ထားတဲ့ရဲမှူး ထွန် နဲ့တွေ့ဆုံခဲ့ပါတယ်။ ထွန် က ရွတ် ရဲ့ဦးလေးအငြိမ်းစားရဲအရာရှိကြီးက သူလိုက်နေတဲ့ တရားခံ သူဌေးဟ နဲ့ပတ်သက်မှုရှိနေမယ်လို့ထင်တာကြောင့် ဆွမ့်ကို ရွတ် အနားကိုချည်းကပ်ပြီး သက်သေရှာဖို့လျှို့ဝှက်တာဝန်ပေးခဲ့ပါတယ်..... တဖန် ရွတ် ကလဲ သူ့အနားမှာတောက်တဲ့လိုလိုက်ကပ်နေတဲ့ သူဌေးဟ ရဲ့သမီး ဆုချာဒါ ရဲ့လက်ကလွတ်ဖို့ကတစ်ကြောင်း.... ဆွမ့် ကို ညီမဖြစ်သူ ဒါ ရဲ့ယောကျား အတ် ရဲ့မယားငယ်လို့ အထင်လွဲပြီး ဆွမ် နဲ့ အတ် တို့ကိုခွဲချင်တာကတစ်ကြောင်းကြောင့် ရွတ် ဟာ ဆွမ့် ကို ၃လကြာဟန်ဆောင်လက်ထပ်ဖို့ ငှားရမ်းခဲ့ပါတယ်.... ထွန် ဟာ အဲ့ဒိကမ်းလှမ်းချက်ဟာ ရွတ် အနားကပ်ပြီးသက်သေရှာဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့သတ်မှတ်ပြီး ဆွမ့် ကို လက်ထပ်ဖို့ကိစ္စကိုသဘောတူခိုင်းလိုက်ပါတယ်.... ဒီလိုနဲ့ ရွတ် အိမ်ပေါ်ကိုရောက်လာတဲ့ လျှို့ဝှက်စပိုင်မလေး ဆွမ် နဲ့ မတည့်အတူနေ ဒုရဲမှူးကြီး ရွတ်တို့နှစ်ဦး ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဟာသအနှောလေးတွေနဲ့ ကြည့်ရှုရမယ့် ကြည်နူးဖွယ်အချစ်ဟာသဇာတ်လမ်းလေး "ခပ်စွာစွာ ကျွန်တော့်သတို့သမီး"