-
Movie Name
-
Life In A Year (2020)
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
EN0460
-
Type
-
Movie
-
Size
-
947 MB
-
Country
-
Hollywood
-
Description
-
Life in a Year(2020)
ခင်ဗျားတို့ဘဝမှာဖြစ်ရမယ်လို့ သတ်မှတ်ထားတဲ့
ရည်ရွယ်ချက်တွေ အိပ်မက်တွေရှိကြတယ်မလား
အဲ့ဒီရည်ရွယ်ချက်တွေအကောင်အထည်ဖော်ဖို့ ရေးဆွဲထားတဲ့ Plan တွေလည်းရှိမှာပဲ
ဒါပေမယ့် အဲ့ဒီ Plan တွေက တကယ်ရောအလုပ်ဖြစ်ရဲ့လား???
အဲ့ဒီရည်ရွယ်ချက်တွေ အိပ်မက်တွေကရော
ခင်ဗျားတို့ကိုယ်တိုင် သတ်မှတ်ထားတာဟုတ်ရဲ့လား???
ကျွန်တော်တို့တွေတော်တော်များများက ဆယ်ကျော်သက်ဘဝမှာ မိဘတွေပုံသွင်းထားတဲ့ဘောင်ထဲက
ရည်မှန်းချက်ကို ကိုယ့်ရဲ့တကယ့်အိပ်မက်လို့ယူဆထားကြမိတယ်
သူတို့ရဲ့ဘောင်လေးထဲမှာ ကိုယ့်ကိုကိုယ်ပုံစံကျအောင်နေရင်း ကြိုးစားခဲ့ကြတာ
ဒါတွေက ကိုယ့်ရဲ့တကယ့်အိပ်မက်မဟုတ်တဲ့အခါ
ကြာလာတော့ ကြိုးစားရတာ ပင်ပန်းလာတယ်
ဒီလိုနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အိပ်မက်တွေဟာ ဘာမှန်းတောင် မသိကြတော့ပါဘူး
ဒီဇာတ်ကားထဲက Jaden Smith သရုပ်ဆောင်ထားတဲ့
Daryn ဆိုတဲ့ ကောင်လေးက ဒီလိုကောင်လေးမျိုးပေါ့
တစ်ရက်မှာတော့ ရှိုးပွဲတစ်ခုသွားရင်းက အမှတ်မထင်ဆုံခဲ့ရတဲ့ကောင်မလေးကို
စိတ်ဝင်စားသွားမိတယ်
Daryn ရဲ့ပုံစံအမှန် ဖော်ထုတ်ပေးခဲ့တဲ့ကောင်မလေးကိုချစ်မိသွားချိန်မှာ ကောင်မလေးနဲ့ပက်သက်ပြီး သူသိလာရတဲ့အရာတွေက……
Plan တွေနဲ့ပြည့်နေတဲ့ သူ့ရဲ့ကမ္ဘာမှာ သူတကယ်ဖြစ်ချင်ခဲ့တဲ့အရာကရော ဘာများလဲ??
ဇာတ်အိမ်အရတော့ ဆယ်ကျော်သက်အချစ်ဆိုပေမယ့်
တော်တော်လေးကို Touching ဖြစ်တဲ့ကားဗျ
True Love meaning ကိုလည်း ဒီထဲတွေ့နိုင်တယ်
Jarden Smith နဲ့ Cara Delevingne သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကိုပြည့်စုံပါတယ်
Jarden Smith ရဲ့သီချင်းကို emotional အပြည့်နဲ့နားထောင်နိုင်နေရုံနဲ့
တော်တော်လေးကိုတန်နေပြီလို့ပြောရမှာပါ