Movie Name
Partners For Justic (2018)
Year
2018
Generes
Crime, Thriller
Code
SKR0174
Type
Series
Size
6.65 GB
Country
Korea
Description
စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်…။ ဒီဇာတ်ကားလေးကို Investigation Couple လို့လည်း လူသိများပါတယ်။ နာမည်လေးအတိုင်းပဲ မှုခင်းတွေကို စုံစမ်းဖော်ထုတ်တာကို သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ…။ အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Baek Beom နဲ့ Eun Sol တို့အဖြစ် Jung Jae Young နဲ့ Jung Yoo Mi တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ တခြားနာမည်ကျော်အနုပညာရှင်များဖြစ်ကြတဲ့ Lee Yikyung , Park Eunseok , Stephanie Lee တို့အပြင် ဇာတ်ရံပေါင်းများစွာလည်း ပါဝင်ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Baek Beom ဟာ မှုခင်းဆိုင်ရာဆရာဝန်တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ လုပ်သက် ၁၀ နှစ်ကျော်နေပြီဖြစ်သော ဝါရင့်မှုခင်းဆရာဝန်တစ်ယောက်ပါ…။ သူက ပေါင်းရသင်းရခက်တဲ့ အပေါက်ခပ်ဆိုးဆိုးလူတစ်ယောက်ဖြစ်ပေမယ့် မှုခင်းဆေးဘက်ဆိုင်ရာမှာ အရမ်းထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Eun Sol ကတော့ ချမ်းသာတဲ့မိသားစုကနေလာပြီး နွေးထွေးဖော်ရွေတဲ့ အစိုးရဆွဲချရှေ့နေပေါက်စလေးဖြစ်ပါတယ်။ သူမက တစ်ခါကြည့်ရုံနဲ့ မှတ်မိနိုင်တဲ့စွမ်းရည်မျိုးရှိတဲ့ photographic memory မျိုးကို ပိုင်ဆိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဂွကျပြီး ပေါင်းရခက်တဲ့ မှုခင်းဆရာဝန် ဘိုးတော်နဲ့ ဖော်ရွေနွေးထွေးတဲ့အစိုးရရှေ့နေ ကောင်မလေးတို့ တွေ့ကြတဲ့အခါ ဘယ်လိုကပေါက်ကချာတွေဖြစ်လာမယ် ဘယ်လိုပူးပေါင်းလုပ်ကိုင်ကြမယ်ဆိုတာ ကြည်ရှုကြရမှာပါ… လူသေတွေက စကားမပြောနိုင်ပေမယ့် ရရှိလာတဲ့သဲလွန်စတွေပေါ်အခြေခံပြီး အလောင်းတွေရဲ့နောက်ကွယ်မှာ တည်ရှိနေတဲ့ အမှန်တရားတွေ လိမ်ညာဖုံးကွယ်မှုတွေကို ဒီနှစ်ယောက်က ဘယ်လိုအဖြေရှာပေးမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်…။