-
Movie Name
-
Bannerghatta (2021)
-
Year
-
2021
-
Generes
-
Thriller
-
Code
-
IND0117
-
Type
-
Movie
-
Size
-
662 MB
-
Country
-
Bollywood
-
Description
-
ယခုတစ်ခေါက်မှာတော့ GC ပရိသတ်ကြီးကို India ဇာတ်လမ်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating 8.1 ထိ ရရှိထားပြီး Mystery , Thriller အမျိုးအစားဖြစ်တဲ့အတွက် ရင်တဖိုဖိုနဲ့ ကြည့်ရှုရမယ့်ကားပဲ ဖြစ်ပါတယ်။
အာရှစ် တစ်ယောက် ညဘက်မှာ ကားမောင်းရင်း ဖုန်းပြောနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်၊ သူ့သားလေးက ဖုန်းထဲကနေ ပုံပြင်ပြောခိုင်းလို့ သရဲပုံပြင်ပြောပြနေရင်း တစ်ခုခုကို ၀င်တိုက်မိသွားပါတော့တယ် သူတိုက်မိသွားတဲ့ ထိုအရာက ဘာဖြစ်မလဲ၊ ကားမှာ ပေနေတဲ့ သွေးတွေကို သုတ်ပြီး ကားကို ဆက်မောင်းလာတုန်းမှာ တခြားမြို့ကို အလုပ်ကိစ္စ သွားတဲ့ သူ့ညီမလေးဆီက ဖုန်း၀င်လာပါတယ်။ အဲဒီမြို့ကနေ သူမပြန်လာဖို့ အဆင်မပြေတဲ့အကြောင်း ဘာယာဉ်မှ မတွေ့တဲ့အတွက် ကြောက်နေကြောင်း စသဖြင့် ပြောနေတုန်း သူ့ညီမလေးရဲ့ အော်သံ ကြားလိုက်ရပြီး ဖုန်းကျသွားပါတော့တယ်။
သူ့ညီမလေးနဲ့ ဘာကြောင့် အဆက်အသွယ်ပြတ်သွားခဲ့ရသလဲ၊ သူမ အန္တရာယ်ကင်းကင်း ရှိနေနိုင်ပါ့မလား၊ အာရှစ်ကရော သူ့ရဲ့ညီမလေးကို ရှာဖို့ ဘယ်လိုကြိုးစားမလဲ၊ သူ ကားနဲ့ တိုက်မိတဲ့အရာကရော သူ့ကို ဘယ်လိုဒုက္ခပေးမလဲ ဆိုတာ ရင်တလှပ်လှပ်နဲ့ ဆက်ကြည့်လိုက်ရအောင်နော်။