Movie Name
နှလုံးသားမရှိတဲ့ ကိုကို (Duang Jai Nai Fai Nhao)(2018)
Year
2018
Generes
Drama, Romance
Code
ST0322
Type
Series
Size
13.1 GB
Country
Thai
Description
ဇာတ်လမ်းအကျဉ်း ခွန်ရင်မြွတ်ဆိုတဲ့ခပ်ချောချောလူငယ်လေးက စတော့ရှယ်ယာဝယ်တဲ့ လူလည်စီးပွားရေးသမားလေးပါ ပါးနပ်တယ် အထာကျတယ် ပျိုပျိုမယ်တို့ကို ဆွဲဆောင်ညှို့ငင်အားပြင်းတဲ့ လူချောလေးဆိုပါတော့ ဒါပေမယ့် သူ့မှာ အများမသိတဲ့စိတ်ဒဏ်ရာရှိနေပါတယ် ငယ်ငယ်လေးကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရတဲ့အတွက် အဖောမဲ့အထီးကျန်တဲ့စိတ်ဒဏ်ရာတမျိုးရနေသူဖြစ်ပြီး ဘယ်မိန်းကလေးကိုမှအတည်မချစ်ဘူး အချစ်ကိုခုတုံးလုပ်ပြီး သူလိုချင်တဲ့ပန်းတိုင်ကိုရအောင်လှမ်းတတ်တဲ့ လူပွေလေးပေါ့ အမြဲမက်နေတတ်တဲ့ အိပ်မက်ဆိုးကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ပြကြည့်ရာမှ "ခွန်ရင်မြွတ်"ဟာ ငယ်ငယ်တုန်းကအတိတ်ကိုအနည်းအကျဉ်းပြန်သတိရခဲ့တော့တယ် အဲ့နောက်မှာ မတော်တဆမှုကြောင့် မီးလောင်ပြီးဆုံးသွားတဲ့သူ့မိဘတွေ အကြောင်းစုံစမ်းဖို့ထိုင်းကိုပြန်လာဖြစ်ခဲ့တယ် သူ့မိဘတွေဆုံးတဲ့ကိစ္စက "ခွန်ပင်မုတ်"ဆိုတဲ့ သူဌေးသမီးရဲ့အမေပိုင်တဲ့ သန်နနူဝတ်ဘဏ်နဲ့ပတ်သက်နေတဲ့အတွက် "ခွန်ပင်မုတ်"ကိုချစ်ယောင်ဆောင်ပြီးချဉ်းကပ်ပါတော့တယ် "ခွန်ဒါနူ"ကတော့ "ခွန်ပင်မုတ်"ရဲ့ အတွင်းရေးမှူးပေါ့ သူမရဲ့ဘဝက အတော်ဆင်းရဲပြီး အိမ်ကမိဘနှစ်ပါးရဲ့အကြွေးကိုဆပ်ပေးနေရတဲ့သူလေးပါ "ခွန်ပင်မုတ်" ရှုပ်သမျှ ပြသနာတွေကို ရှင်းပေးရတဲ့အတွက် ခိုင်းဖတ်လေးဆိုပါတော့ "ခွန်ဂျင်ဒါ"ဆိုတာက သန်နနူဝတ်ဘဏ်မန်နေဂျာ "ခွန်ပရီလတ်" ရဲ့ သမီးပါ "ခွန်ရင်မြွတ်"ရဲ့ရည်ရွယ်ချက်ရှိရှိချဉ်းကပ်တဲ့ အချစ်ကျော့ကွင်းမှာ "ခွန်ဒါနူ","ခွန်ပင်မုတ်","ခွန်ဂျင်ဒါ" တို့ သူငယ်ချင်း၃ယောက်လုံး ကျဆင်းသွားမလား...? ဘယ်သူ့ကိုမှ မချစ်တတ်ဘူးဆိုတဲ့ ခွန်ရင်မြွတ်ကရော သူတို့သုံးယောက်ထဲ တစ်ယောက်ယောက်ကိုအတည်ချစ်မိသွားမလားဆိုတာကိုတော့. .... Thai Drama Page ရဲ့ ဘာသာပြန်တင်ဆက်မှု နဲ့အတူ စီးမြောကြပါစို့နော်