Movie Name
PAW Patrol The Movie (2021)
Year
2021
Generes
Animation, Comedy
Code
AN0382
Type
Movie
Size
1.02 GB
Country
Hollywood
Description
Paw Patrol : The Movie (2021) IMDb – 6.4/10 CM Fanများအတွက် Paw Patrol : The Movieဆိုတဲ့ ဒီ​နေ့ထွက် animation ကားသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။ အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, drama​တွေပဲ ဖြစ်​​နေလို့ ငြီး​ငွေ့​နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက် စိတ်ကြည်နူး​ပျော်ရွှင်​စေနိုင်မယ့် animation​လေးဖြစ်မှာ ​အ​သေအချာပါပ ဇာတ်လမ်းအကျဥ်းက​တော့ Paw Patrol​လေးတို့ရဲ့ ရန်သူ​​​တော်ကြီး Humdingerတစ်​​​ယောက် Adventure Cityဆိုတဲ့မြို့​လေးမှာ မြို့​တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျ​ရောက်​စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ် ရန်သူ​တော်ကြီးရဲ့အဖျက်လုပ်ငန်းကို ​အဖွဲ့ခေါင်း​ဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီ​လေးတို့တသိုက် ဘယ်လို​ခေတ်မှီနည်းပညာ​တွေ၊ စက်ပစ္စည်း​တွေနဲ့ ရ​အောင်တားကြမလဲ? အဖွဲ့ဝင်ပါပီ​လေးတစ်​ကောင်ရဲ့ အတိတ်​ဇာတ်ကြောင်းက​နေ ….. အဖွဲ့အ​ပေါ် ဘယ်​လောက်ထိရိုက်ခတ်မှုရှိမလဲ? Patrol အဖွဲ့ဝင်အသစ်​လေးက ဘယ်သူဖြစ်မလဲဆိုတာကို… ချစ်စရာ​ကောင်းတဲ့ ကာတွန်းဇာတ်​ကောင်လေး​တွေနဲ့ ရယ်စရာ၊​ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။ Animationဇာတ်​ကား​လေးဖြစ်တာမို့ ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်​ပြေပါတယ်။ ချစ်ရတဲ့မိသားစုနဲ့အတူ ​ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို ဒီ Animationကား​လေးနဲ့ တူတူကုန်ဆုံးလိုက်ပါ