Movie Name
Oh My Venus
Year
2015
Generes
Romance
Code
SKR0175
Type
Series
Size
4 GB
Country
Korea
Description
ဦးဦး Gong Yoo ကား အစအဆုံးကြည့်ပြီးသွားလို့ ဦးဦးမရှိတော့မှာ စိုးရိမ်နေပါသလား ။ မပူပါနဲ့ Fof က ဦးဦးနောက်တစ်ယောက်ကို အလှည့်ပေးသွားမှာပါ ။ ဒီတစ်ခေါက်အလှည့်ကျလာတဲ့ ဦးဦးကတော့ မကြာသေးခင်ကမှ ပူပူနွေးနွေးကြည့်ခဲ့ရတဲ့ Terius Behind Me ဇာတ်ကားထဲက မင်းသား So Ji Sub ပါ ။ So Ji Sub နဲ့အတူ Shin Min Ah, Jung Gyu Woon, Oh Soo Jin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Oh My Venus ဒရာမာစီးရီးလေးကို FoF ရဲ့ Encoder အချောအလှလေးများအဖွဲ့က ကြိုးစားပမ်းစား တင်ဆက်ပေးလိုက်ပါပြီ ။ ဒီစီးရီးလေးမှာ So Ji Sub ကို ဟောလီးဝုဒ်စတားတွေရဲ့ body trainer ဟောင်း ဆော်ကြည် ရုပ်ဖြောင့် ရေလျှံ ဂျွန်ဂင် @ကင်ယောင်ဟိုအဖြစ် တွေ့မြင်ရမှာပါ ။ ဂျွန်ဂင်ကလေးဘဝတုန်းက ကျန်းမာရေးချူချာလွန်းတာကြောင့် ခွဲစိတ်မှု ခဏခဏခံယူခဲ့ရပြီး နာကျင်မှုဝေဒနာတွေနဲ့ပဲ အချိန်ပြည့်လုံးပမ်းခဲ့ရသူပါ ။ ဂျွန်ဂင်တစ်ယောက် ဟောလီးဝုဒ်ကိုစွန့်ခွာပြီး ကိုရီးယားပြန်လာနေတုန်း လေယာဉ်ပေါ်မှာ ရုတ်တရက်သတိလစ်သွားတဲ့ ရှေ့နေမလေး ဂျူအွန်းကို အသက်ကယ်ခဲ့ပါတယ် ။ ဂျူအွန်းကတော့ တစ်ချိန်တုန်းက ဒယ်ဂူမြို့ရဲ့ princess အဖြစ် ကောင်လေးတွေပါးစပ်ဖျား ရေပန်းစားခဲ့ပေမယ့် ဂျွန်ဂင်နဲ့စတွေ့ချိန်မှာ မမဝဝလေး ဖြစ်နေခဲ့ပါပြီ ။ နှစ်ရှည်လများတွဲလာတဲ့ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ ဂျူအွန်းလည်း သူ့ကိုအသက်ကယ်ခဲ့သူဟာ နာမည်ကျော် trainer ဖြစ်နေမှန်းလည်းသိရော မမဝဝဘဝကနေ မမလှလှပြန်ဖြစ်ဖို့အရေး ဂျွန်ဂင်ကို မရမက အပူကပ်ပါတော့တယ် ။ ဂျူအွန်းနဲ့ဂျွန်ဂင်ကြားမှာ Romance လေးတွေ ဖြစ်လာမယ်ဆိုတာ ပရိသတ်ကြီးခန့်မှန်းပြီးလောက်ပါပြီ ။ ဘယ်လိုဘယ်ပုံရိုကြဦးမလဲ ဆိုတာကတော့ ဗယ်လင်တိုင်းဒေး ခါတော်မီလေး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစား အားပေးလို့ရပါပြီ ။