Movie Name
Bill & Ted’s Excellent Adventure [1989]
Year
1989
Generes
Comedy
Code
EN0470
Type
Movie
Size
850 MB
Country
Hollywood
Description
Bill & Ted’s Excellent Adventure(1989) ဘီလ်နဲ့တက်ဒ် ဆိုတဲ့ သူငယ်ချင်း (၂)ယောက်ဟာ ဂစ်တာကိုရူးသွပ်သူများဖြစ်ကြသလို အောင်မြင်တဲ့ တီးဝိုင်းတစ်ခုဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်တွေ…. သို့ပေမယ့် သူတို့၂ယောက်ဟာ အကောင်းမွန်ဆုံးလမ်းညွှန်ပေးတဲ့သူမရှိလို့ ဖြစ်ချင်ရာဖြစ်နေတဲ့ပုံပေါက်နေတယ်… ဂစ်တာဘက်ကိုရူးသွပ်လွန်းပြီး ကျောင်းစာမှာတော့ စာမေးပွဲတိုင်းကို တဘုန်းဘုန်းကျနေတယ်… ဒီလိုကျဆုံးခြင်းဟာ နောက်ဆုံးတော့ ကျောင်းကနောက်ဆုံးအနေနဲ့ သတိပေးခြင်းတစ်ရပ်ထုတ်လိုက်တယ်… နောက်ဆုံးစာတမ်းတစ်ခုကို A+မှမရရင် ကျောင်းက ထာဝရနားရတော့မယ်ဆိုတာပါပဲ… တက်ဒ်အတွက် ကျောင်းနားရရင် စစ်ကျောင်းကိုသွားရမှာဖြစ်တဲ့အပြင် သူတို့ရူးသွပ်တဲ့ တီးဝိုင်းလည်းဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး… ဘီလ်လည်းထို့အတူပါပဲ…. ဒီကားက သူငယ်ချင်း ၂ယောက်ရဲ့ အလွဲလွဲအချော်ချော်တွေနဲ့ ရယ်မောရသလို ဇာတ်လမ်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်… သူတို့ ၂ယောက်ရဲ့ မှားယွင်းနေတဲ့လမ်းကြောင်းကိုတည့်မတ်ပေးဖို့ လက်ရှိ ၁၉၈၈ခုနှစ်ကို ၂၆၈၈ခုနှစ်ကနေ အချိန်ခရီးသွားပြီး လာရောက်ကူညီတာတွေပါလို့ပါ… ဘယ်လိုတွေ တလွဲလုပ်ကြမလဲ.. သူတို့စာမေးပွဲအောင်ပြီး ကျောင်းဆက်တက်နိုင်မလား… အောင်မြင်တဲ့တီးဝိုင်းတစ်ခုဆက်ဖန်တီးနိုင်မလား… ၂၆၈၈ခုနှစ်က သူတွေကလည်း အချိန်ခရီးသွားပြီး ဘာကြောင့်လာကူညီကြတာလဲ. အချိန်ခရီးသွားတဲ့သူတွေရဲ့ အကူအညီနဲ့ ဒီ ၂ယောက်ဘာတွေဆက်ဗရုတ်ကျမလဲ .ခံစားကြည့်ကြပါ… ကျွန်တော်တို့လည်း ၁၉၈၈ခုနှစ်က ငယ်ရွယ်နုပျိုတဲ့ Keanu Reeves ရဲ့ဇာတ်ကားကောင်းကို အချိန်ခရီးသွားခြင်းပုံစံတစ်မျိုးနဲ့ခံစားကြည့်လိုက်ရအောင်