Movie Name
HOME (2021)
Year
2021
Generes
Drama, Family
Code
IND0121
Type
Movie
Size
1.69 GB
Country
Bollywood
Description
Home(2021) အိန္ဒိယ Family movie မျှော်နေတဲ့သူတွေအတွက် Sreenath Bhasi ပါဝင်သရုပ်ဆောင်ထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားကို ညွှန်းရမယ်ဆိုရင်တော့ 2013 တုန်းက ထွက်ရှိထားတဲ့ Philips and the Monkey Pen ဇာတ်ကား ရဲ့ ဒါရိုက်တာ Rojin Thomas ရဲ့ နောက်ထပ်လက်ရာမွန်တစ်ခုပါ ကျွန်တော်ကတော့ ဒီကားကိုကြည့်ရင်းကနေ Kapoor and Sons ဆိုတဲ့ဇာတ်ကားနဲ့ကို သွားအမှတ်ရမိတယ်ဗျ Kapoor and Sons ဇာတ်ကားကို ကြိုက်တဲ့သူတွေအဖို့တော့ ဒီကားကိုလည်းနှစ်ခြိုက်မယ်လို့ အာမခံနိုင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီဆိုတဲ့လူက မြို့မှာအလုပ်လုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဗျာ တစ်ရက်တော့ ရုပ်ရှင်အတွက်အေးဆေးအညွှန်းရေးချင်တာနဲ့ နယ်မြို့ကအိမ်လေးဆီပြန်သွားတယ် ခုခေတ်လူငယ်ဆိုတော့ အင်တာနက်ပေါ်မှာပဲ အချိန်ဖြုန်းနေတော့ အိမ်ကမိသားစုဝင်တွေက သဟဇာတမဖြစ်ကြဘူး ဒီလိုနဲ့ပဲ မိသားစုထဲဖြစ်တဲ့အလွဲတွေ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အလွဲတွေနဲ့ကြောင့် အန်တိုနီရဲ့မိသားစုတွေရော သူရော သဟဇာတဖြစ်အောင်ညှိရင်းကနေ နောက်ဆုံးဘယ်လိုတွေဆက်ဖြစ်သွားကြမှာလဲဆိုတာ ရသအစုံနဲ့ ကြည့်ရှူရမှာပါ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Family ကားဖြစ်တာကြောင့် လူကြီးလူငယ်မရွေးကြည့်ရှူနိုင်ပါတယ်ခင်ဗျာ