-
Movie Name
-
Don’t Listen (2020)
-
Year
-
2020
-
Generes
-
Horror
-
Code
-
EN0474
-
Type
-
Movie
-
Size
-
993 MB
-
Country
-
Hollywood
-
Description
-
Don’t Listen (2020)
ခင်ဗျားတို့ တမလွန်ဘဝရှိတယ်ဆိုတာ ယုံလား
တခါတလေကျရင် ဘယ်ကမှန်းမသိတဲ့အသံတွေက ကိုယ့်ကိုတစ်ခုခုပြောနေတာမျိုး လုပ်ခိုင်းတာမျိုးရော ကြုံဖူးကြလား
အီရစ်ဆိုတဲ့ကောင်လေးက သူတို့ပြောင်းလာတဲ့ရှေးဟောင်းအိမ်ကြီးထဲမှာ ဘယ်ကမှန်းမသိတဲ့အသံတွေကို ကြားနေရတဲ့ကောင်လေးပေါ့
မိဘတွေက ဆရာဝန်နဲ့ပြပေးပြီး ကလေးဆိုတော့ စိတ်ကူးယဉ်ပြီးကြားနေရတဲ့အသံတွေလို့ပဲ လက်ခံခဲ့ကြတယ်
ဒီကြားထဲမှာလည်း ထူးဆန်းတာတွေဖြစ်ခဲ့ပေမယ့် ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ကြတဲ့မိဘတွေဆီမှာ ရင်နင့်ဖွယ်ဖြစ်ရပ်ကြီးတစ်ခု ကြုံလိုက်ရတဲ့အခါ….
အဲ့ဒီဖြစ်ရပ်ပြီးတော့ ဖခင်ဖြစ်သူဟာ အမှတ်တမဲ့ကြားလိုက်ရတဲ့ အသံကနေတစ်ဆင့်
Electronic voice phenomenon ဆိုတဲ့ သဘာဝလွန်အသံတွေကိုလေ့လာနေတဲ့ ပါမောက္ခဂျာမန်ဆီကို ဆက်သွယ်ပါတော့တယ်
အသံတွေနောက်ကို လိုက်ရင်းနဲ့ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပြီးတဲ့နောက် အကြောင်းအရင်းကို ဖော်ထုတ်လိုက်ကြတဲ့အခါ…
ကြောက်စရာကောင်းတဲ့အိမ်ထဲကနေ သူတို့လွတ်လမ်းရှိပါ့မလား…
Plot တွေက ရိုးရှင်းပေမယ့် Horror ဇာတ်ကားကောင်းနှစ်သက်တဲ့သူတွေအဖို့တော့ အကြိုက်တွေ့စေမှာပါ
R-rated movie မဟုတ်ပေမယ့် တချို့သော Scene တွေက R-rated နီးနီးကြမ်းတာကြောင့် ကလေးသူငယ်များ ကြည့်ရှူရန်မသင့်ပါခင်ဗျာ ။
( အညွှန်းရေးသားထားသူကတော့ Amelia ပါ )