Movie Name
ကိုယ့်ရဲ့ပဲ့ကိုင်ရှင်မင်းလေး (Torrance Ni Nee Krai Krong) (2012)
Year
2012
Generes
Comedy, Drama, Romance
Code
ST0324
Type
Series
Size
8.75 GB
Country
Thai
Description
Torrance Ni Nee Krai Krong(2012) " ကိုယ့်ရဲ့ပဲ့ကိုင်ရှင်မင်းလေး " မြန်မာစာတန်းထိုး (စ/ဆုံး) ရပါပြီ... Main Casts... 👇👇👇👇 အာထစ် အဖြစ် "Nadech Kugimiya" ဒရူနီး အဖြစ် "Yaya Urassaya" ဇာတ်လမ်းအကျဉ်းလေးကတော့ .... စိုက်ပျိုးရေးပိုင်းနဲ့ ပက်သတ်ပြီး ဘွဲ့ရကျောင်းပြီးထားတဲ့အာထစ်ဟာ တခြားအလုပ်တွေထက်သူသင်ကြားခဲ့ရတဲ့ပညာတွေကို အကျိုးရှိစွာအသုံးချနိုင်ဖို့အတွက် ပိုမို အားသန်တဲ့ကောင်လေးပါ .... ဒီလိုနဲ့ သူ့အဖွားဖြစ်သူဒမ်ရဲ့ ခြံခင်းကြီးထဲမှာ သူဝါသနာ ပါတဲ့ စိုက်ပျိုးရေးအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ် .... ကြီးမားကျယ်ပြန့်လှတဲ့ခြံခင်းကြီးထဲမှာအဖွားအပါအဝင် တစ်ခြံခင်းကလူတွေရဲ့ချစ်ခြင်းတွေကို အပြည့်ရရှိထားတဲ့ အဖွားရဲ့ မွေးစားသမီးဖြစ်သူ ဒရူနီးဆိုတဲ့ဆယ်ကျော် သက်အရွယ်ကောင်မလေးတစ်ယောက်ရှိပါတယ် .... အဖွားဒမ်ရဲ့မြေးတွေအားလုံးထဲမှာ ဘယ်သူကမှအာထစ် လို စိုက်ပျိုးရေးလုပ်ရတာ စိတ်မဝင်စားကြပါဘူး .... အဲ့တော့ အာထစ်ကအလုပ်လာကူလုပ်တော့အဖွားဖြစ်သူ ဒမ်တစ်ယောက် ဝမ်းသာကြည်ဖြူစွာ အာထစ်ကို အလုပ် ပေးလုပ်ပါတယ် .... အာထစ်က သူ့ဖို့သူ့တွက် ဘာအခကြေးငွေမှမယူပဲ စိတ် ဝင်စားမှုအပြည့်နဲ့ ခြံထဲကအလုပ်တွေကိုကူညီလုပ်ပေး ရင်း ကြာလာလာနဲ့အမျှ အဖွားဒမ်သိလိုက်ရပါတယ် သူကွယ်လွန်သွားခဲ့သည်ရှိသော် သူ့ခြံခင်းကြီးကို အာထစ်လက်ထဲအပ်ခဲ့လို့ရတယ်ဆိုတာကိုပေါ့ .... အဖွားဒမ် နဲ့ အာထစ်တို့ရဲ့ဆက်ဆံရေးက တနေ့ထက် တနေ့ပိုအဆင်ပြေလာတော့ ဒရူနီးတစ်ယောက် နေမထထိုင်မသာဖြစ်ပြီး အာထစ်ကို အလုပ်လုပ်ရာမှာ လွဲချော်အောင်ဒုက္ခတသိန်းပေးပါတော့တယ် .... ကိုကြီးကလည်း သူ့ညီမလေးက မရင့်ကျက်သေးလို့ လိုက်စနောက်တာဆိုတော့လည်းဗွေမယူရှာပါဘူး .... အမြဲကြောင်နဲ့ကြွက်လို ကျီစယ် စနောက်ရင်း အချိန်တွေကြာလာတော့ သံယောဇဉ်တွယ်လာပြီး တစ်ယောက်နှလုံးသားထဲတစ်ယောက်နေရာယူလာကာ ချစ်မိသွားကြတဲ့အခါ .... ဘယ်လိုတွေဆက်ဖြစ်လာမလဲ ? အဖွားဒမ် သက်ရှိထင်ရှားမရှိတော့တဲ့တစ်နေ့ကျရင်ရော ခြံခင်းကြီးကို အာထစ် နဲ့ ဒရူနီးတို့နှစ်ယောက် ဘယ်လို စီမံသွားကြမလဲဆိုတာကို ရိုမန့်တစ် / ဒရမ်မာ / ဟာသ လေးတွေနဲ့အတူ စိုပြေသာယာလှတဲ့ ခြံခင်းကြီးရဲ့သဘာဝအလှတရားတွေကိုရှုစားရင်း စိုက်ပျိုးရေးနဲ့ပက်သတ်တဲ့ ဗဟုသုတပေါင်းများစွာကို စူးစမ်းလေ့လာပြီး ကြည့်ရှုလိုက်ကြရအောင် .... NY ပရိတ်သတ်တို့လက်လွတ်မခံသင့်တဲ့ကားကောင်းလေးတစ်ကားလို့ပြောရင်လည်းမမှားပါဘူး ....