Movie Name
Secret Love (2013)
Year
2013
Generes
Crime, Drama, Thriller
Code
SKR0481
Type
Series
Size
5.50 GB
Country
Korea
Description
Secret love (2013) 1-16 complete ( အမုန်းမြို့အလွန်) မြန်မာစာတန်းထိုး အစအဆုံး ************************************* ကန်ယိုဂျွန်းဆိုတဲ့မိန်းကလေးဟာ အချိန်ပိုင်းအလုပ်ပေါင်းစုံကိုလုပ်ပြီး သူမရဲ့ချစ်သူကိုရှေ့နေဖြစ်အောင်ထောက်ပံ့ပေးနေတာ ကိုးနှစ်နီးပါးတောင်ရှိလို့နေပါပြီ ခိုင်မာအချစ် ယုံကြည်ချက်တွေနဲ့ တစ်နေ့သူတို့ပေါင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေတလှေကြီးနဲ့ပေါ့ ရှေ့နေဖြစ်တော့ သူမရဲ့ယောက္ခမတွေက သူနဲ့သဘောမတူချင်ကြတော့ပါဘူး သူမကိုငြို ငြင်တာကိုသိရက်နဲ့လည်း အားလက်ရက်တွေမှာ ယောက္ခမအိမ်ကိုလာပြီး ဝေယာဝစတွေလုပ်ပေးပါတယ် မလာနဲ့လို့နှင်ကြပေမယ့်သူကတော့လာမြဲပါပဲ – ဂျိူ မင်ဟွတ် ဟာသူဌေးသား လူပေလူတေလေးတစ်ယောက်ပါ မိဘတွေကလုပ်ငန်းတူမိန်းကလေးတစ်ယောက်နဲ့ တစ်ယောက်နဲ့အိမ်ထောင်ချပေးဖို့လုပ်ပေမယ့် သူကတော့ သူ့ချစ်သူ ဂျီအင်းကိုသာချစ်တဲ့သူတစ်ယောက်ပါ တစ်နေ့သူ့ချစ်သူဟာသူနဲ့ဝေးရာကိုထွက်သွားခဲ့ပါတယ် သူဘယ်လိုလိုက်ရှာရှာ သူ့ကိုရှောင်ပုန်းနေခဲ့ပါတယ် —- မိုးတွေသည်းထန်စွာရွာသွန်းနေ့တဲ့တစ်ည ကန်ယိုဂျွန်းကိုသူ့ချစ်သူအန်ဒိုဟွန်းက လက်ထပ်ခွင့်တောင်းတဲ့သူပျော်နေတယ် လက်ထပ်ပြီးရင်ဘာလုပ်မယ် ဘယ်လိုနေမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ သူအပျော်ကြီးပျော်နေတယ် မိုးကပိုသည်းလာတယ် အရှေ့ကိုတောင် ကောင်းကောင်းမမြင်နိုင်တော့အောင်ပဲ ကားကိုမနည်းထိန်းမောင်းနေရတယ် ရုတ်တရက် …..ဒုန်း..ဆိုတဲ့မြည်ဟီးသံကြီးနဲ့အတူ သူတို့ကားလေးလည်ထွက်သွားတယ် တစ်ခုခု တိုက်မိတာ သေချာပါတယ် သံသယစိတ်တွေနဲ့အန်ဒိုဟွန်း ထွက်အကြည့် သွေးအိုင်ထဲမှာလဲနေတဲ့အမျူ်းသမီးတစ်ယောက် သူတုန်လုပ်သွားတယ် သူ့ချစ်သူ ကန်ယိုဂျွန်းကမေးပေမယ့် သူလိမ်လိုက်တယ် စည်ပိုင်းကိုတိုက်မိတာပါတဲ့ နောက်တစ်နေ့ တိုက်မကားက ကန်ယိုဂျွန်းကားမို့ ကန်ယိုဂျွန်း အဖမ်းခံခဲ့ရတယ် တကယ်တမ်းကားမောင်းတာက အန်ဒိုဟွန်းပါ သူ့ချစ်သူရှေ့နေ နာမည်ပျက်မှာဆိုးတဲ့အတွက် သူထောင်ထဲဝင်ခဲ့ရတယ် ထောင်ထဲရောက်မှ သိလိုက်တာတစ်ခုကသူ့မှာကိုယ်ဝန်ရှိနေတာပါပဲ -ဂျိူမင်ဟွတ်တစ်ယောက်သူ့ချစ်သူကိုရှာတွေ့ပြီဆိုတဲ့သတင်းကြောင့် ပျော်ရပေမယ့် သူ့ချစ်သူ ကားတိုက်ခံခဲ့ရတယ် ကံဆိုးတာတစ်ခုက သူ့ချစ်သူမှာကိုယ်ဝန်ရှိနေတာပါပဲ ကားတိုက်အရှိန်ပြင်းလို့ ဆေးရုံအရောက်မှာဆုံးသွားခဲ့တယ် သူ့ချစ်သူကိုသတ်တဲ့သူကိုပြန်ကလဲ့စားခြေလိုတာကြောင့် ထောင်ကထွက်လာတဲ့ကန်ယိုဂျွန်းကို ကလဲ့စားလိုက်ခြေပါတော့တယ် ကလဲ့စားခြေရင်း အဖြစ်မှန်တွေကိုသိလာနဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့.....