Movie Name
Demonic (2021)
Year
2021
Generes
Horror
Code
EN0476
Type
Movie
Size
1.02 GB
Country
Hollywood
Description
လူနာတစ်ယောက် ကိုမာ ဝင်သွားပြီဆိုတာနဲ့ လူနာလိုအပ်တာကိုပြုစုပေးဖို့ ဆရာဝန်တွေ၊ လူနာစောင့်တွေအတွက် တော်တော်ခက်ခဲပါတယ်။ လူနာက ဘာမှမပြောနိုင်တော့ဘူးလေ… အဲ့ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မိုက်ကယ်ဒိုလော့စ် တို့အုပ်စုက နည်းပညာအသစ်တစ်ခု တီထွင်နိုင်ခဲ့ပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် လူနာက ဖန်တီးထားတဲ့ပုံရိပ်ယောင်ထဲမှာ စကားမပြောဘူးဖြစ်နေပါတယ်။ ကိုမာဖြစ်ပြီး အသိစိတ်ရှိနေသေးတဲ့ လူနာ အန်ဂျလာ က သူ့နဲ့စကားပြောဖို့ သူ့သမီး ကာလေ ကိုခေါ်ပေးပါတဲ့… ကာလေ ကတော့ အမေ့ကို နာနာကျည်းကျည်းမုန်းနေပြီး အမေကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် အဖြေရှာမရဖြစ်နေသူပါ။ တစ်မြို့လုံးက ဝိုင်းပြောကြတယ်။ သူ့အမေက လူသတ်သမားတဲ့။ သူငယ်ချင်းဖြစ်သူ မာတင် ကတော့ သူ့အမေက တစ်ခုခုတွန်းအားပေးမှုကြောင့်ဖြစ်နေတာတဲ့။ အခုတော့…. နည်းပညာနဲ့ပုံဖော်ထားတဲ့ အိမ်မက်လိုလို ပုံရိပ်ယောင်ထဲမှာ အမေက သူ့နဲ့တွေ့ချင်တယ်တဲ့ ။ ကာလေ တစ်ယောက် ပုံရိပ်ယောင်ထဲကနေ သူ့အမေရဲ့အကြောင်းစုံကို ရအောင်ဖော်ထုတ်နိုင်ပါ့မလား ? သူ့အမေပြောတဲ့ စွမ်းအား ဆိုတာရောဘာလဲ? မာတင်ပြောတဲ့ စိတ္တဇဆန်ဆန် ဖိအားပေးမှုဆိုတာတွေရော? အားလုံးကို ကြက်သွန်နီအခွံခွာသလို တစ်လွှာချင်းတစ်လွှာချင်း အဖြေထုတ်သွားမှာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်။ နည်းပညာဗဟုသုတတွေလည်း ပါဝင်တာမို့ Horror / supernatural နှစ်သက်တဲ့ ပရိသတ်များ မြန်မြန်လေး ကြည့်ပြီး အဖြေရှာလိုက်တော့နော် ။