Movie Name
The Spectacular Now (2013)
Year
2013
Generes
Comedy, Drama, Romance
Code
EN0477
Type
Movie
Size
950 MB
Country
Hollywood
Description
IMDb Rating (7.1) / Rotten Tomatoes (91%) ဒီဇာတ်ကားဟာRating မြင့်တဲ့အချစ်ကားလေးဖြစ်သလို သရုပ်ဆောင်တွေကလဲ မခေသူတွေချည်းပါပဲ… Fantastic Four ထဲက မင်းသား Miles Teller , Divergent နဲ့ The Fault in Our Stars ထဲက မင်းသမီးချောလေး Shailene Woodley နဲ့ Marvel ရဲ့ Captain Marvel တဖြစ်လဲ မင်းသမီး Brie Larson တို့ဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာကို တချို့ကခံစားတယ်..တချို့ကခုတုံးလုပ်ပြီး အသုံးချတယ်..တချို့က မသိကျိုးကျွံပြုတယ်… ဘယ်လိုပဲအချစ်ကိုသုံးဆောင်သုံးဆောင်ပေါ့…တကယ်တန်ဖိုးထားသူဆီမှာသာ အချစ်တွေက အမြဲနေတတ်တာမျိုးပဲ။ ဇာတ်လမ်းလေးကတော့ ၃ ပွင့်ဆိုင် ဇာတ်လမ်းပါ… ဆက်တာဟာ အနာဂတ်ကိုမတွေးထားဘဲ အရာရာကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။ ကပ်စ်စီလီဆိုတဲ့ သူသိပ်ချစ်တဲ့ ကောင်မလေးနဲ့ အထင်လွဲခံရမှုတစ်ခုကြောင့် ပြတ်အပြီး စိတ်လေနေချိန်မှာ အေမီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။ အေမီဟာ ရည်းစားတောင်မထားဖူးသလို အနေအေးတဲ့ ဖြူစင်တဲ့ကောင်မလေး.. ဆက်တာဟာ အေမီရဲ့ ရိုးသားပွင့်လင်းမှုကိုကြွေတာရယ် …အေမီကို ရည်းစားထားဖူးတဲ့အတွေ့အကြုံရအောင်ရယ်ဆိုပြီး တစ်ကိုယ်တည်းလေလွင့်နေတဲ့ကာလမှာ အေမီကို ကျုံးသွင်းပြီး ရည်းစားဖြစ်သွားကြတယ်ပေါ့… အေမီခမျာတော့ အရိုင်းစံပယ်လေးဆိုတော့ ဆက်တာကို အရမ်းတွေချစ်မိသွားပြီး ဆက်တာသာ သူ့ဘ၀အတွက်အရေးပါသူတစ်ယောက်ဖြစ်လာပါတော့တယ်.. ဒါပေမယ့် သကောင့်သား ဆက်တာကတော့ အနာဂတ်ဆိုတာလဲမတွေးထား ရည်းစားဟောင်းကိုပစ်ရမှာလဲ အဆီတဝင်းဝင်းဖြစ်နေတော့ ဟိုမပြတ် ဒီမပြတ်နဲ့ ဆော်နှစ်ပွေကြား ဗျာများပါတော့တယ်။ ဒီတော့ အချစ်စစ်တို့သဘော ဘယ်လိုရှိလဲဆိုတာ ဆန်းစစ်ချင်ရင်တော့ ဒီဇာတ်ကားက သိပ်ကိုက်မယ့်ကားပေါ့ဗျာ။ ဇာတ်လမ်းသဘောအရ အဖော်အချွတ်ခန်းအနည်းငယ်တော့ပါပေမယ့် သိပ်တော့မဆိုးလှပါဘူး။