Movie Name
The Crush (1993)
Year
1993
Generes
Drama, Thriller
Code
EN0479
Type
Movie
Size
715 MB
Country
Hollywood
Description
CMပရိတ်သတ်ကြီးအတွက် ၁၉၉၃ခုနှစ်က ရိုက်ကူးတင်ဆက်ထားတဲ့ Crushဆိုတဲ့ ဇာတ်လမ်းကောင်းတပုဒ်နဲ့တင်ဆက်ပေးပါရစေ… လူတိုင်း ဘဝမှာ တခါတော့ ကိုယ်သိပ်သဘောကျရတဲ့ လူတစ်ဦးတစ်ယောက်တော့ ရှိခဲ့ဖူးမှာပါ ဒါမှမဟုတ် ရှိလာမှာပါ. ဒီဇာတ်လမ်းလေးမှာလဲ ၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက်က သူသိပ် သဘောကျရတဲ့ ယောကျာ်းတစ်ယောက်ကို ချဉ်းကပ်ပြီး သူ့အချစ်ကိုရအောင် ကြိုးစားထားတာကို ရိုက်ကူးတင်ပြထားတာပါ. ဇာတ်လမ်းဟာ ရိုးရှင်းတဲ့ အချစ်ကားတစ်ကားတော့ မဟုတ်ပါဘူး. အပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ရဲ့ ယောကျာ်းပျိုတစ်ယောက်ကို ပိုင်ဆိုင်လိုစိတ်တွေရဲ့ ချစ်ခင်သဘောကျခြင်းတွေရဲ့ နောက်ကွယ်က ကြိုးစားမှုတွေ အစွန်းရောက်သွားပုံကို ထိတ်လန့်ခြောက်ခြားဖွယ် ကြည့်ရှူရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ပါ.ဇာတ်လမ်းလေးရဲ့ အစမှာတော့ နစ်ကိုးလတ်အယ်လီယက်ဆိုတဲ့ သတင်းထောက်ဟာ အခုမှမြို့ကိုပြောင်းလာတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့မှာနေဖို့ အိမ်တစ်အိမ် ငှါးလိုက်ပါတယ် အိမ်ပိုင်ရှင်မှာ ၁၄ နှစ်အရွယ် အေဒရီယန်ဖော်ရက်စတာဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ် ဖြစ်ချင်တော့ အေဒရီယန်က နစ်ကို စိတ်ဝင်စားလာပြီးတော့ နစ်ကို ပိုင်ဆိုင်ဖို့ နည်းမျိုးစုံ ကြိုးစားပါတော့တယ် သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်ကားဖြစ်လို့ ရင်တထိတ်ထိတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်