-
Movie Name
-
လျှိုဝှက်စွာလိမ်လည်သောအချစ် (Deceiving Love)(Lub Luang Jai)
-
Year
-
2019
-
Generes
-
Drama, Romance
-
Code
-
ST0336
-
Type
-
Series
-
Size
-
5.18 GB
-
Country
-
Thai
-
Description
-
"လျှို့ဝှက်စွာလိမ်လည်သောအချစ်"
💕 ဇာတ်လမ်းအကျဉ်း💕
Main Roles - Tor အဖြစ် Great Warintorn
- Nudee(Dr.Dee) အဖြစ် Diana Flipo
-Joe အဖြစ် Masu Junyangdikul
Support Roles - Gift အဖြစ်Namwhan Phulita
-Toomအဖြစ် Bua Nalinthip
- Ning အဖြစ်Care Chattarika
တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်.
❣ ဥစ္စာဓနကြွယ်ဝလွန်းလှတဲ့ မိသားစုအသိုင်းအဝိုင်းကြားထဲမှာ
မိန်းမချောလေး သုံးဦးဖြစ်ကြတဲ့
Gift, Toom နဲ့ Ning
ဆိုတဲ့ တစ်ဝမ်းကွဲညီအစ်မ ၃ ဦးလည်း အပါအဝင်ပေါ့......
အဲ့ထဲမှာမှ ခန့်ချောကြီး Great ကညီအစ်မ ၃ ဦးရဲ့ အစ်ကို
အကြီးဆုံးတစ်ယောက်ပါ။
❣Tor (Great) နဲ့ Toom (Bua)ကတော့ မောင်နှမအရင်းတွေ
ဖြစ်ကြတယ်။
Gift (Namwhan) ကတော့တခြားတစ်ယောက်ရဲ့သမီးဖြစ်
သလို Ning(Care) ကလည်းတခြားတစ်ယာက်ရဲ့သမီးပါ။
❣သူတို့တွေမှာ မိသားစုအသိုင်းအဝိုင်းကနေ စုပေါင်းပြီးတည်
ထောင် လုပ်ကိုင်လုပ်နေတဲ့ Two WK ဆိုတဲ့ကုမ္ပဏီကြီးတစ်
ခုရှိပါတယ်။
အဲ့မှာ မောင်နှမတွေ အတူတကွ ကိုယ့်ရာထူးနေရာနဲ့ကိုယ်
တာဝန်ယူလုပ်ဆောင်ကြပါတယ်။
❣ Nudee or Dr.Dee(Diana) ကတော့ ဆရာဝန်တစ်ဦးပါ။
စိတ်ထား ဖြူစင်ရိုးသားပြီး အနေအထိုင်အေးသူတစ်ယောက်ပါ။
Dr. Dee ဟာ ဗိုလ်ချုပ်တစ်ဦးရဲ့သားဖြစ်သူ Joe (Masu)
နဲ့ကချစ်သူတွေသလို တစ်ဖက်မှာလည်း Tor (Great)ရဲ့
တစ်ဝမ်းကွဲညီမဖြစ်တဲ့ Gift( Namwhan ) နဲ့ကလည်း
အရမ်းကိုခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ။
ဒါကြောင့် Dr.Dee က သူ့ချစ်သူကို Two WK မှာအလုပ်
လက်ခံပေးဖို့ ပြောပေးခဲ့ရာကနေ Joe နဲ့ Gift လည်း ခင်မင်ရင်းနှီး
ခွင့်ရခဲ့ပြီး ကုမ္ပဏီမှာအလုပ်ဝင်လုပ်ခွင့်ရခဲ့ပါတယ်။
❣ဖြစ်ချင်တော့ Tor နဲ့ Joe ဟာ ယခင်က မိန်းကလေးတစ်ယောက်အတွက်ကြောင့်နဲ့
ပတ်သက်ပြီး မကျေမလည်စရာတွေ
ရှိခဲ့ပြီး ရန်ညိုးတွေရှိခဲ့ကြတယ်။
သူတို့နှစ်ယောက် ကုမ္ပဏီမှာအတူတွဲပြီး အလုပ်လုပ်ကြရတော့မယ်
ဆိုတော့ ဘာတွေဆက်ဖြစ်ကြမလဲ?
❣Joe က မိန်းမရှုပ်ပွေသူတစ်ယောက်ပါ။ သူနဲ့နီးကပ်တဲ့
မိန်းကလေးတိုင်းကို အပြုံးချိုချိုလေးတွေ စကားလုံးချိုချိုလေး
တွေနဲ့ သူ့ကိုကြွေဆင်းလာအောင် ယောက်ျားမာယာတွေသုံးပြီး
လှည့်စားလေ့ရှိတယ်။
Joe ကငွေမက်တဲ့သူတစ်ယောက်ပါ ။ သူ့ရဲ့အချစ်ထက် ငွေကြေး
ကိုပိုဦးစားပေးသူပါ။ ချမ်းသာတဲ့မိန်းကလေးတွေနဲ့ဆို ပတ်သက်
ချင်တဲ့သူပေါ့။
အခုလည်း Joe က သူ့ရဲ့စရိုက်အတိုင်း ညီအစ်မ ၃ ယောက်ကြား
ပတ်ရှုပ်ဖို့ကြိုးစားပြီပေါ့ ။
▪သူ့အကြောင်းကို ကောင်းကောင်းသိနေတဲ့ Tor က အဲ့လူရှုပ်ရဲ့
ကျော့ကွင်းထဲသူ့ညီမတွေ မကျရအောင် သူဘယ်လိုကြိုးစားမလဲ?
▪ညီမဖြစ်သူ သူငယ်ချင်းရဲ့ Dr.Dee ကို မသိစိတ်ကနေကြိတ်ချစ်
နေပြီး မကောင်းတဲ့သူရဲ့ လက်ထဲရောက်သွားမှာကို အမြဲစိုးရိမ်ပူပန်
နေတဲ့ Tor ရဲ့ အချစ်ကရောဘာတွေဆက်ဖြစ်လာမလဲ?
▪ ရှေ့ဆက်ပြီး Joe ကရောဘာအရှုပ်တွေ ဆက်လုပ်ပြီး Dr.Dee
ကရော သူ့ချစ်သူရဲ့ မြွှာပွေမှုကိုသိသွားခဲ့ရင် ဘာတွေဆက်ဖြစ်လာ
မလဲ?
▪ကိုယ့်အစ်ကိုရဲ့ ရန်သူကိုမှ ချစ်မိနေတဲ့Tor ရဲ့ ညီမလေး Toom (Bua) ကရော ဘာတွေဆက်ဖြစ်မလဲ?
Joe ကသူ့အစ်ကိုကို မုန်းတီးစိတ်နဲ့ Toom ကိုလက်စားပြန်
ချေမှာလား?
▪Joe ကရော ညီအစ်မ ၃ ယောက်ကြား ဘယ်လောက်ထိရှုပ်ထွေး
အောင်လုပ်မလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုပေးပါနော် 😍
ဒီလောက်ပဲပြောတော့မယ်နော် 🙂
တကယ်ကိုကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာအာမခံပါတယ်ရှင့် 🤗 အဆုံးထိကြည့်ချင်သူများ